ခမ်းသားငေါဝ်း
ဇူလိူင် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/17AXEhZFyX/

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီ တပ်ကပေါင် ၅၀၀ ဗုံးဖြင့်လာရောက်ဗုံးကြဲချတိုက်ခိုက် ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ဒေသရှိ PNLO ဌာနချုပ်ကို ဇူလိူင် ၂၆ ရက် ညနေ ၃နာရီ မိနှစ် ၂၀ ဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ဖြင့်လာရောက်ဗုံးကြဲခဲ့ကြောင်းသိရသည်။

“လူထိခိုက်တာတော့မရှိဘူး ချော်သွားတယ်အဆောက်အဦးနည်းနည်းထိပြီး ဘေးမှာပဲ ကျင်းအဖြစ်ကျန်ခဲ့တယ်။ဌာနချုပ်မှာ တစ်လုံး၊ တပ်ရင်းထဲကတစ်လုံးကျသွားတယ်” ဟုPNLO တာဝန်ယူ တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသ စလောင်းထောင်ဘက်တွင်လည်း စစ်ကောင်စီကလာရောက်ဗုံးကြဲခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကိုခမ်းသားငေါဝ်းကစုံစမ်းနေဆဲအတည်မပြုနိုင်သေးပါ။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်ကလည်း PNLO ဌာနချုပ် ကို စစ်ကောင်စီ တပ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းတခု ထိခိုက်ပျက်စီးခဲ့ရပြီး၊လူနှစ်ဦး မပြင်းထန်သည့်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

#ppv002
#PNLO
#ဌာနချုပ်
#ဗန်းမက်
#စစ်ကောင်စီဗုံးကြဲ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home