ခမ်းသားငေါဝ်း
ဇူလိူင် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1N2osrm8cg/

ရှမ်း​ပြည်နယ်အရှေ့ပိုင်း ၊မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ( ငွေကျပ်တန်ဖိုး သိန်း ၈၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်စီလက်အောက် CCDAC Myanmar ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလုကျေးရွာအနီးတွင် မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး ဆိုသူ မောင်းနှင်ပြီး ကျဝေဆိုသူ လိုက်ပါလာသော ISUZU အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း(ဒေသတန်ဖိုးငွေကျပ်သိန်း ၈,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ်၊ မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း CCDAC Myanmar ကဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးတင်ဆောင်လာသောသူ တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားသည်။

#PPV 003
#မူးယစ်ဆေး
#မိုင်းဆတ်
#စိတ်ကြွဆေးပြားများ
#ဖမ်းမိ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home