ခမ်းသားငေါဝ်း၊

အောက်တိုဘာ ၁၄၊ ၂၀၂၃

ကံရွာ လောင်းကစားဝိုင်း၏ အနောက်ဘက်ဖြစ်ပွားသည့် ပေါက်ကွဲမှုအပြီးတွင် စစ်‌ကောင်စီတပ်သားများက ဒေသခံလူငယ် ၆  ဦးကို ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာတွင် အောက်တိုဘာလ ၁၂ ရက်ည ၈ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီက ဒေသခံလူငယ်  ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ကံရွာတွင်ပြုလုပ်သည့် လောင်းကစားဝိုင်း၏ အနောက်ဘက်ဖြစ်ပြီး ထိုပေါက်ကွဲမှုအပြီးတွင် စစ်‌ကောင်စီတပ်သားများက လမ်းများကို လုံခြုံရေးချ ပိတ်ဆို့စစ်ဆေးပြီး လောင်းကစားဝ်ိုင်းမှ ပြန်လာသူများဟုယူဆရသည့် သပြေပင်ကျေးရွာမှ အမျိုးသား ၄ ဦး နှင့် ပေါ့နောရွာသား ၂ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ကြောင်းသိရသည်။

“ဖမ်းခေါ်သွားတဲ့ လူတွေကို ဘုရားနီရွာမှာ လိုက်ရွေးလို့ပြောတယ်။ လူကြီးတွေက သွားရွေးတော့ပိုက်ဆံမပါလို့ ပြန်မလွတ်ပေးဘူး။ ဖမ်းခေါ်သွားတဲ့သူတွေကို မနေ့အထိဘာသတင်းမှမရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘုရားပွဲနီးလာသည်နှင့်အမျှ အင်းလေးဒေသတွင် လောင်းကစားဝိုင်းများ နေရာအနှံ့ရှိလာပြီး စစ်ကောင်စီကလည်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာငွေညစ်တောင်းခံနေကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း “သူတို့ဖမ်းခေါ်သွားတဲ့လူတွေက ဘာအပြစ်မှမရှိဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေဘဲ။ ဒီလိုဖမ်းခေါ်သွားတာ ပိုက်ဆံလိုချင်လို့ခေါ်သွားတယ် လို့မြင်တယ်”ဟု ပြောသည်။

အင်းလေးဒေသတွင် စစ်ကောင်စီက ဒေသခံများကို မကြာခနဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီး လတ်တ‌လောတွင်လည်း‌ ဒေသခံတစ်ဦးကို ဖမ်းစီးထားရာမှ ပိုက်ဆံငွေ ၆၀၀၀၀ ကျပ်ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း အဆိုပါဒေသခံက ဆက်ပြောဆိုသည်။

#PPV012

#ပေါက်ကွဲမှု

#စစ်ကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *

You missed