ခမ်းသားငေါဝ်း
ဇူလိူင် ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1EsmKnF2RF/
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခိုလမ်မြို့ရှိ ရပ်ကွက်(၄)၊ ရပ်ကွက်(၆)တို့ရှိ နေအိမ်ထဲထိ ရေဝင်ရောက်ပြီး အခက်ခဲ ဖြစ်ရကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ခိုလမ်မြို့တွင်ဇူလိုင်(၂၃) ရက်က ညနေအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့အဝင်လမ်းမနှင့် ရပ်ကွက်အချို့ ရေတက်ကာ ဒေသခံ အခက်တွေ့ရကြောင်း သိရသည်။
“ရပ်ကွက်(၄)ရုံးနားမှာ၊ မြို့အဝင်တွေမှာလည်း ရေတက်လို့ ကား ဆိုင်ကယ် သွားလာတာ ခက်ခဲမှုရှိတယ်။ ရေပြန်ကျလိုက် မိုးထပ်ကြီးရင် ပြန်တက်လိုက်ဆိုတော့ ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်တယ်။ ခုလောလောဆယ် သန့်ရှင်းရေး ပြန်လုပ်နေရတုန်း။ မနက်အထိ မိုးကရွာတယ်”ဟု ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အတူ ခိုလမ်မြို့ အနိမ့်ပိုင်း ရေချောင်းနှင့် နီးသည့် နေရာတွင် နေထိုင်သည့် နေအိမ်အချို့သည်လည်း နေ့စဉ်လိုလို မိုးများလျှင် ရေတက်ကာ နေအိမ်အထိ ရေဝင်ရောက်မှု ရှိကြောင်း သိရသည်။
နောက်ထပ်ဒေသခံ အမျိုးသားက”ကျွန်တော်တို့အိမ်လည်း အဲ့လိုပဲ မိုးများရင် အိမ်ထဲထိ ရေဝင် ခပ်ထုတ်နေ ရတယ်။ အနိမ့်ပိုင်း ဖြစ်တော့ ပိုဆိုးတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်၊ ခိုလမ်မြို့နယ်တို့တွင် ယခုရက်ပိုင်း မိုးများခြင်းကြောင့် ရေတက်ကာ သွားလာရေး ခက်ခဲခြင်း၊ နေအိမ်ထိ ရေဝင်ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
အရှန်ပြင်းသော တောင်တရုတ်ပင်လယ်ပြင်မှ မုန် တိုင်း Wipha သည် ယခုလ(၂၅)ရက်အထိ ရှမ်းပြည် နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း မိုးကြီးနိုင်၍ ရေဘေး၊ လျှပ်စီးလျက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းစသည့် သဘာဝအန္တရာယ်ကို သတိပြုရန် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADMက သတိပေးထုတ်ပြန်ထားသည်။
#PPV0011
#သဘာဝဘေး
#ခိုလမ်
#နေအိမ်ထဲရေဝင်
#မိုးရွာ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်