ခမ်းသားငေါဝ်း
ဇူလိူင် ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/171nPD9V1z/

မွေတော်ကက္ကူဘုရားသွားလမ်း၊ပင်စုံရွာအနီးတွင် ဆန်အိတ်တင်လာသည့် တွဲကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုထပ်မံ ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ မွေတော်ကက္ကူဘုရားသွားလမ်း၊ပင်စုံရွာ အဆင်းလမ်း တွင် ဇူလိုင် (၂၄)ရက် နေ့လယ် ၁၁နာရီအချိန်ခန့်က တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုထပ်မံဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အတွင်း ဆိုင်ကယ်နောက်တွင်စီးနင်းနေသည့် အမျိုးသမီးတစ်ဦး ပွဲချင်းဖြစ်ပြီးသေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးက ဒဏ်ရာရရှိကာ၊ တွဲကားမှ မောင်းသူနှင့် စပယ်ယာ (၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ကားကဆင်းလာတာ ဘရိတ်ပေါက်တယ်၊ ဆိုင်ကယ်နဲ့တိုက်တယ်၊ ဆိုင်ကယ်မောင်းတဲ့ အမျိုးသားတော့ ဒဏ်ရာရတယ်၊ အနောက်ကလိုက်စီးတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီးသေသွားတယ်” ဟု ဖြစ်စဉ်သိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုသို့သော ယာဉ်တိုက်မှုသည် ယခုလအတွင်းတွင် တစ်ကြိမ်ထပ်မံဖြစ်ပွားခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၅ ရက်နေ့တွင်လည်း ဆန်အိတ်တင်တွဲကားနှင့် ဆိုင်ကယ်တစ်စင်းတိုက်မှုဖြစ်ခဲ့သည်။

ထိုယာဥ်တိုက်မှုတွင်လည်း ဆိုင်ကယ်က တွဲကားနှင့်ချိတ်သွားသဖြင့် ဆိုင်ကယ်ပေါ် လူငယ် (၂)ဦးသေဆုံးကာ၊ ကားစပယ်ယာ (၁)ဦးလည်းအသက်ဆုံးရှုံးခဲ့ရသည်။

photo cj

#PPV0013
#ယာဥ်တိုက်မှု
#ကက္ကူအဆင်းလမ်း
#ပင်စုံရွာ
#တောင်ကြီးမြို့

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home