ခမ်းသားငေါဝ်း

ဇူလိုင် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1HzN3cHQcN/

MNDAAထိန်းချုပ်ထားသည့် အထူးဒေသ(၁)အတွင်းရှိ လုပ်ငန်းဆိုင်းဘုတ်၊ ကြေညာချက်အားလုံးကို တရုတ် မြန်မာ ပူးဆွဲရေးရန် MNDAA မှ အမိန့်ထုတ်ထားကြောင်း ဇူလိုင်(၂၂)ရက်တွင်သိရသည်။

အထူးဒေသ(၁)အတွင်း၌ တိုင်းရင်းသား လူမျိုးစုံနေထိုင်ကြသောကြောင့် အလွယ်တကူ သိရှိနားလည်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“တရုတ် မြန်မာစာ ပူးတွဲရေးဖို့ ပြောတယ်။ အခြားစာမရေးရဘူးလို့ မဟုတ်ဘူး။ တခြား ရှမ်း ၊အင်္ဂလိပ်စာလည်း ရေးလို့ရတယ်။ အဓိက တရုတ်စာက အထူးဒေသ(၁)ဖြစ်တော့ ရေးရတယ်။ မြန်မာစာက တိုင်းရင်းသားအားလုံး နားလည်ကြတဲ့စာမို့ ရေးရမယ် ပြောတယ်”ဟု လောာက်ကိုင်တွင် နေထိုင်သူက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် အထူးဒေသ(၁)အတွင်းရှိ ခရိုင်နှင့်မြို့နယ်တိုင်း လုပ်ငန်းဆိုင်းဘုတ်များ၊ ဌာနဆိုင်ရာ ဆိုင်းဘုတ်များကို မြန်မာ တရုတ် (၂)ဘာသာဖြင့် ရေးသားရမည်ဟု သတိပေးကြေညာထားကြောင်း MNDAAလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“အရင်က ဒီဖက် လောက်ကိုင်၊ကွမ်းလုံနှင့် ချင်းရွှေဟော် စတဲ့မြို့တွေမှာ တရုတ်စာနဲ့ပဲ ဆိုင်းဘုတ်တွေ တင်ကြတာများပါတယ်။ အခု MNTJP/MNDAAအုပ်ချုပ်တဲ့ အထူးဒေသ(၁)ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် ဆိုင်းဘုတ်တွေ၊ ကြေညာစာတွေမှာ မြန်မာစာပါ ထည့်သွင်းရေးသားရမယ်ဆိုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်”ဟုMNDAA တာဝန်ရှိသူတစ်ဦးက ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အပြင် ယခင်က သိန္နီမြို့တွင် ဆိုင်းဘုတ်များကို တရုတ်လိုသာ ရေးသားဖော်ပြရမည်ဟု သတင်း‌ထွက်ပေါ်ခဲ့ပြီး လက်တွေ့တွင် တရုတ်လိုသာ ရေးသားရမည် မဟုတ်ဘဲ အထူးဒေသ(၁)ကိုးကန့်ထိန်းချုပ်နယ်မြေဖြစ်သည့်အတွက် ဒေသတစ်ခုလုံးတွင်ရှိသည့် ဆိုင်းဘုတ်၊ကြေညာစာများကို တရုတ် မြန်မာ (၂)ဘာသာဖြင့် ရေးသားရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကပြန်လည်ရှင်းပြထားသည်ကို တွေ့ရသည်။

ဒေသအတွင်း နေထိုင်သည့် ဒေသခံသည် ယခုလို သတ်မှတ်လိုက်ခြင်းအပေါ် တခြားတရုတ်စာမတတ်သည့် တိုင်းရင်းသားများအတွက် ကောင်းသည့် သတ်မှတ်ချက်တစ်ခု ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#MNDAAထိန်းချုပ်ထား
#အထူးဒေသ(၁)
#လုပ်ငန်းဆိုင်းဘုတ်
#ကြေညာချက်
#တရုတ်
#မြန်မာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7