ခမ်းသားငေါဝ်း

ဇူလိုင် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/16oR6g12VP/

လွိုင်ကော်မြို့နယ်အခြေစိုက် စစ်ကောင်စိီ၏ အမှတ် ၃၅၆ တပ်ရင်းမှ တပ်သားတစ်ဦးသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် လက်နက်နှင့်တစ်ကွ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF ၊ B-14 ကထုတ်ပြန်ထားသည်။

တပ်တွင်းတွင် အထက်အရာရှိများ၊ တပ်ဖွဲ့ဝင်များတို့မှ ညှင်းပန်းနှိပ်စက်ရိုက်နက်ခံရခြင်း၊ ပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များကို မခံမရပ်နိုင်ဘဲ စိတ်နာသောကြောင့်ဘက်ပြောင်းခိုလှုံ လာရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသည့် တပ်သား စောချစ်(ခ) ချစ်စမ်းမောင် သည် ၎င်း နှင့်အတူ AK-47 တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆံ ၁၇၂ ထောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ဖုန်း ၁ လုံး ယူဆောင်လာခဲ့သောကြောင့် ထိုက်သင့်သောဆုကြေးငွေများပေးအပ်ပြီး လုံခြုံစွာစောင့်ရှောက်ထားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် တိုင်းပြည်အပေါ် ဆိုးရွားနေစေသော အာဏာရှင်စနစ်ကို ဖြုတ်ချ၍ တိုင်းပြည် နှင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်းဘက်ပြောင်းခိုလှုံကြရန် KNDF B-14 ကတိုက်တွန်းထုတ်ပြန်ထားသည်။

PPV 003
ပုံ-KNDF
#စစ်ရေး
#လွိုင်ကော်မြို
#လက်နက်နှင့်တစ်ကွဘက်ပြောင်းခိုလှုံ
#KNDF ၊ B-14
#တပ်တွင်းတွင်အထက်အရာရှိများ
#တပ်ဖွဲ့ဝင်များ
#ညှင်းပန်းနှိပ်စက်ရိုက်နက်ခံရ
#ပြည်သူများအားဖမ်းဆီးသတ်ဖြတ်
#ဘက်ပြောင်းခိုလှုံလာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7