ခမ်းသားငေါဝ်း

ဇူလိုင် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1CU664KG39/

ရွာငံမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီလက် အောက်ခံ ပျူစောထီးများသည် ဒေသခံများထံခြိမ်းခြောက် ငွေညစ်နေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့မှ တစ်နာရီခန့် သွားရသည့် ကျေးရွာတွင် စစ်ကောင်စီတပ်များသည် အင်းအား(၃၀)ဝန်းကျင်ဖြင့် ၅ ရက်ခြား တစ်ကြိမ် ကျေးရွာသို့ လာရောက်နေပြီး ပျူစောထီးများသည် ဒေသခံထံမှ စားသာက်ကုန်များ၊ ပိုက်ဆံ များကို ခြိမ်းခြောက်ကာ စစ်ကောင်စီတပ်သားအတွက်ဟုဆိုပြီး ကောက်ခံနေသည်။

“စစ်တပ်က သူတို့ကို လုပ်ပိုင်ခွင့် နဲနဲပေးထား‌တော့၊ပျူစောထီးက ရွာမှာ သူကလုပ်ချင်သလို လုပ်နေတာ၊ စစ်သားတွေတစ်ခါလာရင် သူက ဈေးဆိုင်က စားစရာ၊ သောက်စရာတွေယူပေး ကျွေး၊ ပိုက်ဆံတွေ ရှင်းစရာများလာတော့ ရွာကလူတွေကိုခေါ် ပိုက်ဆံကောက်၊ သူ့အတွက်လည်း လစဉ်ကျေးပေးရအုံးမှာတဲ့” ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

၎င်း ပျူစောထီးသည် ကျေးရွာတွင် နိုင်ငံရေးလှုပ်ရှားသူကိုလိုက်လံစုံစမ်းနေပြီး ဒေသခံများကိုလည်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ကာပိုက်ဆံ ကောက်ခံနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းသို့ ဇူလိုင်လ (၁၈)မှ(၂၁)ရက်နေ့အထိရွာထဲသို့ဝင်ရာက်လာချိန်တွင်လည်း ဒေသခံများ ကြောက်လန့် နေရကြောင်းသိရသည်။

“ရွာမှာ မနေ့ကတော့ စကစ ပြန်သွားပြီ၊ ဘယ်တော့ထပ်လာအုံးမလဲ မသိဘူး၊ သူတို့လာရင် ရွာက အကုန်ကြောက်နေရတာ ၊ညဆိုလည်း သူတို့က လမ်းကြားတွေမှာ ကင်းလှည့်နေတော့ စကားတောင် ကျယ်ကျယ်မပြောရဲဘူး” ဟု ဒေသခံတစ်ဦးမှပြာသည်။

ထို့ကြောင့် ဒေသများသည် ညအချိန် (၇)နာရီအချိန်မှစ၍ အိမ်ပြန် မထွက်ရဲကြ ကြောင်း ၎င်းကဆက်ပြောသည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးထားပြီး စစ်ကြောင်းထိုးမှုများ မကြာခဏ လုပ်ဆောင်လာကာ ဒေသခံများ စစ်ပွဲဖြစ်ပွားမည်ကိုကြောက်လန့် နေကြပြီး တစ်ဖက်တွင်လည်း ဒေသခံများအား ပျူစောထီး၏ ခြိမ်းခြောက်အနိုင်ကျင့်ခြင်းခံနကြကြာင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရွာငံမြို့
#ပျူစောထီးများ
#စားသာက်ကုန်များ
#ပိုက်ဆံများ
#ခြိမ်းခြောက်
#စစ်ကောင်စီတပ်သားအတွက်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7