ခမ်းသားငေါဝ်း
ဇူလိုင် ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/1AuQAkDDg3/
ဆောင်းပြောင်းဒေသတွင် စာသင်ကျာင်းပြန်လည်ဖွင့်လှစ်နေပြီး စစ်ဘေးရှောင်ဒေသခံအချို့ နေရပ်သို့ပြန်လာနေကြကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ၌ မေလတွင်လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုက်ပွဲပြင်းထန်ပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရကာ ယခု ဇူလိုင်လတွင် ဆောင်းပြောင်းအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတချို့လည်း နေရပ်သို့ ပြန်နေကြကြောင်း သိရသည်။
“ကျောင်းကတော့နှစ်ကျာင်းပြန်ဖွင့်ပြီး ၊ပုံမှန် ဆိုတာထက် သတိဝရီယ နဲ့ နေနေကြတယ် ၊လုံခြုံရေးတွေ အဆင်မပြေတာတွေ၊ သွားရေးလာရေး၊ တစ်ခုခုဆိုလည်း အာမခံချက်မရှိဘူး ဆိုတဲ့ဟာမျိုးတော့ရှိတာပေါ့” ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
ဆောင်းပြောင်းကျေးရွာရှိ ဆောင်းပြောင်းအထက်တန်းကျာင်းနှင့် ပင်ခင်မူလွန်ကျောင်းတို့ ပြန်လည် ဖွင့်လှစ်ကြောင်းသိရသည်။
ထို့ပြင် နေရပ်ပြန်ပြည်သူများသည် စစ်ဘေးရှောင်ရာတွင် ကိုယ့်ဒေသမဟုတ်သည့်အတွက် နေထိုင်ရာတွင်ခက်ခဲခြင်း၊ စိုက်ပျိုးမြေ မရှိသည့်အတွက် အလုပ်ကိုင်ခက်ခဲခြင်းနှင့် စားဝတ်နေရေးအတွက်အခက်ခဲများကြာင့် လုံခြုံမှုမရှိသော်လည်း စိုးရိမ်စိတ်ဖြင့် ပြန်နေကြကြောင်း သိရသည်။
“အနည်းအကျဉ်းတာ့ နေကြတယ်ပေါ့နော် လူကြီးပိုင်းတွေ ကတော့မနေဘူး၊ ကျောင်းပြန်ဖွင့်ပြီ အကုန်လုံးတော့ ပြန်မနေဘူး တခြားကျောင်းကို သွားမနေနိုင်တဲ့သူနဲ့ ဒီ လူလတ်ပိုင်း တွေလောက်ပဲ ပြန်နေကြတယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
ပြီးခဲ့သည့် မေ ၁၇ ရက်ကစပြီး ဆောင်း ပြောင်းဒေသတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန်လ ပထမအပတ်မှ စ၍ ဒေသခံများ စစ်ရှောင်ရာကနေ နေရပ်သို့ပြန်နေထိုင်ကြကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#လက်နက်ကိုင်ပဋိပက္ခများကြောင့်
#တိုက်ပွဲပြင်းထန်
#စစ်ဘေးရှောင်
#ဆောင်းပြောင်းအထက်တန်းကျောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7