ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1DkvzSRu75/
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီမှတ်ပုံတင်ရာ အသုံးပြုမည့် ပါတီအလံနှင့်တံဆိပ်ကို ရွေးကောက်ပွဲကော်မရှင်မှတဆင့် ကန့်ကွက်နိုင်ကြောင်း ကြေညာထားသည်။
၎င်းအသုံးပြုမည့် ပါတီအလံနှင့် တံဆိပ်ကို ကြေညာ ထားပြီး ကန့်ကွက်ပါက ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ အရ ကြေညာထားသည်။
ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီကို ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးခွန်သန်းမြင့်က ဦးဆောင်ပြီး ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပအိုဝ်းနိုင်ငံ ရေးပါတီအသစ်အနေဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်က ပါတီသစ် ထူထောင်ခွင့် လျှောက် ထားကြောင်းသိရသည်။
ကရင်ပြည်နယ်မှ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီနှင့် မွန်ပြည်နယ်မှ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဟု မှတ်ပုံတင်ခွင့်လျှောက် ထားခြင်းဖြစ် သည်။
#ppv002
#နိုင်ငံရေးပါတီ
#ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ
#ကရင်ပြည်နယ်
#ပါတီအလံ
#ပါတီတံဆိပ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်