ခမ်းသားငေါဝ်း
ဇူလိူင် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1CjvXBBx47/

စစ်ကောင်စီပြန်ထိန်းချုပ်နိုင်သည့် နောင်ချိုမြို့ကို ပြန်လည်ထူထောင်ရေး စတင်ရန် ပထမအသုတ်အဖြစ် ဝန်ထမ်းအချို့ ပြန်သွားကြသည်ကို စစ်ကောင်စီတပ်ဖွဲ့ကကြိုဆိုကြကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့မှာ ဇူလိုင်လ (၁၈)ရက် ယမာန်နေ့ ညနေ(၆)နာရီကျော်မှာ ရဲ၊ထွေအုပ်၊လဝကနှင့် စစ်ဘေးတိမ်းရှောင်သွားကြသည့် ပြည်သူအချို့ ပြန်သွားကြကြောင်း ဒေသခံထံမှ သိရသည်။

“ကားတွေလည်း အများကြီးပြန်သွားကြတာတွေ့ရတယ်။ ပထမအသုတ်အဖြစ် ရဲ၊ထွေအုပ်၊ လဝကတို့နှင့် ဒေသခံတချို့အရင်ပြန်သွားကြတယ်။ ပြန်လည် ထူထောင်ရေး စတင်ဖို့ပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင်လည်း ပြန်လည်ထူထောင်ရေးအတွက် ဌာနဆိုင်ရာပြန်လည်ဝင်လာကြပြီ မကြာခင်နောင်ချိုမြို့သူမြို့သားများ အိမ်ပြန်ကြရတော့မည်ဆိုသည့် အ ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

“နောင်ချိုပြန်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တပ်မ(၁၁)ဗိုလ်မှူးကြီး မိုးမြင်ဟိဏ်းဦးဆောင်တဲ့ တပ်မ(၁၁)တပ်မတော်သားများနှင့် မြို့ခံအချို့က ဝမ်းပန်းတသာကြိုဆိုကြတယ်”ဟု ဗီဒီယိုဖိုင်နှင့်တကွ ရေးသား‌ဖော်ပြထားသည်ကို တွေ့ရသည်။

(၁၀၂၇)ဒုတိယ စစ်ဆင်ရေးအတွင်းက TNLAမှ ပထမဆုံး သိမ်းပိုက်ရရှိခဲ့သည့် နောင်ချိုမြို့ကို (၁)နှစ်ကျော်အကြာ ဇူလိုင်(၁၆)ရက်တွင် စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PPV0011
#နိုင်ငံရေး
#နောင်ချို
#ပြန်လည်ထူထောင်ရေး
#ရှမ်းမြောက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home