ခမ်းသားငေါဝ်း
ဇူလိူင် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1FsvuaaNZp/

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ‌ရပ်စောက်၊ အေးသာယာတို့တွင် ယခုလထဲစစ်မှုထမ်း ပေါ်တာဆွဲခံရမှု ပိုများလာကြောင်း သိရသည်။

တောင်ကြီးမြို့ စိန်ပန်း၊ ကန်အောက်ရပ်ကွက်နှင့် ရပ်စောက်၊ အေးသာယာတို့တွင် စစ်ကောင်စီမှ ည(၈) နာရီနောက်ပိုင်း သွားလာကြသည့် လူငယ်များကို အဓိကထား ပေါ်တာဆွဲမှု လုပ်နေကြောင်း ဒေသခံထံမှ သိရသည်။

“ဒီလမှာတင် ဂိတ်တွေမှာ ဆွဲခံရတာ တော်တော်များများရှိတယ်လို့ကြားတယ်။ ဖမ်းခေါ်ပြီး တချို့က ခုထိ အဆက်သွယ်မရသေးဘူး။ လူငယ်များ သွားလာ သတိထားဖို့ အချင်းချင်း သတိပေးနေကြရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ (၁၅)ရက်တွင်လည်း အလုပ်ကိစ္စနှင့် အသွားအလာလုပ်သည့် လူငယ်(၃)ဦးကို စစ်တပ်မှ ပေါ်တာဆွဲခြင်းကို ခံရကြောင်း သိရသည်။

ဖြစ်စဉ်သိရှိသူက”တောင်ကြီးက လူငယ်(၃)ယောက် (၁၅)ရက် မနက်(၅)နာရီကျော် အင်းတောနှင့်ရပ်စောက်ကြားမှာ စစ်တပ်ကနေပြီးပေါ်တာဆွဲခံလိုက်ရတယ်။ ဆေးစစ်ဖို့ အောင်ပန်းကို ပို့ခံလိုက်ရတယ်”ဟု ဆိုသည်။

ထို့အပြင် ဇူလိုင်(၁၅)ရက်တရက်တည်းမှာပင် တောင်ကြီး ကန်အောက်နေ လူငယ်(၆)ဦးကို စစ်တပ်မှ ပေါ်တာဆွဲကာ ရပ်စောက် ဗထူးတပ်တို့ ပို့ခံရကြောင်း သိရသည်။

“သူငယ်ချင်းအိမ်မှာသွားအိပ်ရာကနေ ဧည့်စာရင်းမတိုင်ထားဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ဆွဲခေါ်သွားတာ ဖြစ်မယ်။ (၂)ရက်လောက် အဆက်သွယ်မရဘူး။ နောက်ပိုင်း ပြန်ဆက်သွယ်လာတော့ ရပ်စောက်ဖက် ပို့ခံရတယ်ပြောတယ်။ ခုထိပြန်မရောက်လာသေးဘူး”ဟု ပေါ်တာဆွဲခံရသည့် မိသားစုနှင့် နီးစပ်သူက ခမ်းသားငေါဝ်းကို ပြောသည်။

တောင်ကြီး အေးသာယာ တို့မှာ စစ်မှုထမ်းအတွက် မဲနှိုက်ရသည့် ဖြစ်စဥ်လည်း မကြာခဏ ပြုလုပ်နေသောကြောင့် လူငယ်များအနေဖြင့် ညဖက်သွားလာမှု၊ ဧည့်စာရင်းတိုင်ကြားမှုတွင် သတိထားဆင်ခြင်ကြရန် လိုအပ်ကြောင်း ဒေသခံကပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင်အပတ်စဥ် ၁၅ အထိရှိလာ ပြီဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်မှုထမ်းသင်တန်းဆင်းများကိုအသုံးချပြီးထိုးစစ်များဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

photo online

#PPV0011
#Humanright
#ပေါ်တာဆွဲ
#စစ်မှုထမ်း
#တောင်ကြီး
#ရှမ်းတောင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home