ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1YuaJYpMzv/

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကရင်နီ​ပြည်တွင် နယ်လှည့်ကျန်းမာရေးကော်မတီ Karenni Mobile Health Committee( KnMHC) ၏ ဆေးခန်းတာဝန်ခံတစ်ဦးသေ ဆုံးသွားကြောင်း အမျိုးသားညီညွန်ရေးအစိုးရ NUG၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ကရင်နီပြည်တွင် ဒေသခံပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေစဥ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ်ရှိဆေးခန်းတာဝန်ခံ စိုးရယ်သည်ကျဆုံးသွားကြောင်းဖော်ပြထားသည်။

စိုးရယ်သည် ၂၀၂၃ ခုနှစ်၊သြဂုတ်လ၌ KnMHC ၏ ဆေးသင်တန်း ၁ နှစ်ကိုတက်ရောက်အောင်မြင်ပြီးသူဖြစ်ကြောင်း၊ စိုးရယ်ကို အာဇာနည်သူရဲကောင်းတစ်ဦးဖြင့် အသိမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူများ နှင့်လက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် အသက်၊ခန္ဓာ နှင့် ဘဝများပုံအပ်ပြီး ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား တိုင်တည် ကတိသစ္စာပြုကြောင်း NUG ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#NUG
#ဆေးခန်းတာဝန်ခံ
#KnMHC

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home