ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/1F6zYVoDPh/
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စစ်ကောင်စီမှ ထောက်ပံ့ကြေးပေးသည့်အပေါ် အများစု မရရှိကြောင်း ဇူလိုင်(၁၈)ရက်၌ စုံစမ်းသိရသည်။
စစ်ဘေးရှောင်များကို ထောက်ပံ့ကြေးပေးမည်ဟုဆိုကာ ဧည့်စာရင်းကောက်ခံမှု ရှိခဲ့သော်လည်း လက်တွေ့တွင် စာရင်းမပါဘူးဟုဆိုကာ မရရှိသူများစွာရှိနေ ကြောင်း ဒေသခံထံမှ သိရသည်။
“စာရင်းတင်ထားတာ ကြာပြီ။ ဆီဆိုင်ဖက်အသိတချို့လောက်တော့ ရကြတယ်ပြောတယ်။ တစ်လ(၂)သောင်းဆိုလား။ ကျွန်မတို့တော့ ခုထိမရဘူး။ မရတဲ့သူ အများကြီးရှိတယ်။ ဘောင်ဝင်တန်းဝင်အောင် စာရင်းက တန်းစီတင်ပြပါရက်နဲ့ ထွေအုပ်က အားလုံးမပေးဘူး။ စစ်ရှောင်လာတာ(၁)နှစ်ပြည့်တော့မယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များကို ထောက်ပံ့ကြေးပေးမည့် သတင်းကြောင့် စာရင်းတင်ပြထားခဲ့ရာ (၉)လကျော်မှ (၁)ခါ ရဖူးကြောင်း နောက်ထပ် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
“ရှမ်းတောင်မှာ စစ်ရှောင်ခဲ့တယ် ၁ နှစ်လောက်ပေါ့။ အခုရှမ်းမြောက် ပြန်ရောက်လာမှ နိုင်ငံတော် ထောက်ပံ့ကြေးဆိုပြီး (၈)သောင်းရတယ်”ဟု ဆိုသည်။
စစ်ဘေးရှောင်ထောက်ပံ့ကြေးရရှိရန် မိမိရောက်ရှိနေသည့်နေရာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ကြားသည့်အခါ စစ်ဘေးရှောင်ဖြစ်ကြောင်း တင်ပြရပြီး ထိုမှတဆင့် ထွေအုပ်ရုံးသို့ ပြန်လည် တင်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“(၄)လပိုင်းက တကြိမ်ရတယ်။ ကြားထဲပြန်မရဘူး။ မနေ့က ထပ်ရတယ်။ သူတို့ဘယ်လိုပေးနေလဲဆိုတာကိုတော့ မသိဘူး။ မမေးရဲလို့။ ရရင်ယူလိုက်တာပဲ။ စစ်ဘေးရှောင်အကုန်မရဘူး။ စာတင်တာ အထက်မရောက်သေးလို့ ပြောတယ်”ဟု ရှမ်းတောင်တွင် စစ်ဘေးရှောင်နေသူက ပြောသည်။
တောင်ကြီးမြို့နယ် လွယ်ကောင်းဘုန်းကြီးကျောင်းတွင် ဇူလိုင် ၁၆ ရက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးမှတဆင့် တောင်ကြီးမြို့ ရောက်စစ်ဘေးရှောင်တစ်ချို့ကိုတစ်ယောက်နှစ်သောင်း ထောက်ပံ့ပေးခဲ့ကြောင်းလည်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ရှမ်းမြောက်၊ ကရင်နီပြည်နှင့် ရှမ်းတောင်မှ စစ်ဘေးရှောင်အများစု ခုံလုံနေထိုင်ကြကြောင်း သိရသည်။
#PPV0011
#humantarian
#စစ်ရှောင်
#ထောက်ပံ့ကြေး
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်