ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/19UCHJvPdg/

ဖမ်းဆီးခေါ်ဆောင်ခံရသည့်ရွာငံမြို့ တပင်ပျော်ရွာ ကျောင်းထိုင်ဘုန်းကြီးကို နှစ်ပတ်ကျော်ကြာသည့်အထိ အဆက်သွယ်မရကြောင်း ရွာသားများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်၊တပင်ပျော်ရွာ ကျောင်းထိုင်ဘုန်းကြီးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဇူလိူင်လ ၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေအထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

“ဘုန်ကြီးက နိုင်ငံရေးစကားအရမ်းပြောတယ်။ပြောရင်လည်းစစ်တပ်ဖက်ဘဲပြောတယ် ရွာသားတွေကိုလည်း စည်းရုံးပေးတာရှိတော့ ဖမ်းခံရတာ။ဘယ်အဖွဲ့ဖမ်းသွားတာလည်း မသိရဘူး။ခုထိလည်းအဆက်သွယ်မရဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဘုန်းကြီးပျောက်ဆုံးပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ဖြင့် ကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်းသိရသည်။

ယခုလို စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့်ကျေးရွာထဲမက ကျေးရွာအနီးဒေသခံ ခြံတောင်ယာများအတွင်းပါ ရှိ​​နေခြင်း ကြောင့် ရွာသားများခြံမသွားရဲဘဲ မိမိလုံခြုံရေးကိုလည်းစိုးရိမ်ပြီး ကြောက်နေကြရကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီ နှင့်ပျူစောထီးက ရွာသားများအနေဖြင့်ပျူစောထီးကိုကာကွယ်ရန် ပြောဆိုခြိမ်းခြောက်မှုပြုလုပ်နေကြောင်းသိရသည်။

#ppv005
#Humanright
#ရွာငံ
#တပင်ပျော်ရွာ
#ကျောင်းထိုင်ဆရာတော်
#အဖမ်းခံရ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home