ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/1DkNRxJdDM/

ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းတွင် စစ်ကောင်စီ၏ လေယာဥ်များနေ့စဥ်ဝဲပျံနေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြောင်းသိရသည်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ အနောက်ဖက်ခြမ်းရှိ ကျေးရွာများအပေါ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဥ်များ၊ ကင်းထောက်လေယာဥ်များ နေ့စဥ်ဝဲပျံနေသောကြောင့်ဗုံးကြဲမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

” နေ့တိုင်းလိုလိုပဲပြောရမယ်၊ နေ့ပိုင်းရော ညပိုင်းရော ဝဲနေတာ၊ လေယာဥ်သံကြားတာနဲ့ ကြောက်နေရတယ်၊ ညဆိုလည်းကောင်းကောင်းမအိပ်ရဘူး၊ သူတို့က ပြည်သူတွေလည်း မရှောင်ဘူး ဗုံးကြဲတာကို၊ မနေ့က ဒီမောဆိုဖက် ကြဲသွားတာ တိုက်လေယာဥ်က ရွာပေါ်နိမ့်နိမ့်လေးမှာပဲ ဖြတ်သွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် နှစ်အစပိုင်းမှစပြီး ကရင်နီပြည် နှင့် ဖယ်ခုံ မြို့နယ် တို့တွင် ပြည်သူများကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ကို တွေ့ရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့အထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၉၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏အချက်အလက်အရသိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ကရင်နီပြည် ဒီမောဆိုအနောက်ဖက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၁၀ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့သည်။

photo credit

#PPV 003
#Humanright
#ဖယ်ခုံ
#လေယာဥ်ဝဲ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home