ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1ETnB6Fwdn/
စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ယခုနှစ်ဇူလိုင်လ ပထမပါတ်အတွင်း အလင်းဝင် ၊လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁၀၉ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင် People’s Goal ကထုတ်ပြန်ထားသည်။
အဆိုပါကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသည့် စစ်သား ၃၁ ဦးရှိသည့်အနက် ၂၂ ဦးသည် စစ်မှုထမ်းတပ်သားသစ်များဖြစ်ပြီး ရဲ ၃ ဦး ၊ ပြည်သူ့စစ် ၁၇ ဦး စုစုပေါင်း ၅၁ ဦးအလင်းဝင်လာခဲ့ကြောင်းဖော်ပြထားသည်။
ထို့အပြင် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသော စစ်သား ၅၈ ဦးရှိပြီး ကရင်ပြည်နယ်တွင် ၅၀ ဦး၊ မန္တလေးတိုင်းတွင် ၈ ဦးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီ၏ ဟန်ရေးပြ ရွေးကောက်ပွဲကို နောက်ဆုံးမျော်လင့်ချက်အနေဖြင့် ထွက်ပေါက်ရှာကျင်းပဖို့ ကြိုးစားနေစဥ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ် အပါအဝင် နိုင်ငံတကာသံတမန်များက ကန့်ကွက်သည့်သဘောပြောကြားလာသည်ကို တွေ့ရကြောင်း ပြည်သူ့ပန်းတိုင် ကဖော်ပြထားသည်။
ပြည်သူ့ပန်းတိုင်မှ ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ပထမပါတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၆၀၁ ဦးရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ အရာရှိများသည် စစ်မှုထမ်းတပ်သားသစ်များကို AA ထံအလင်းဝင်ပါက AA က ပစ်သတ်မည်၊ လည်လှီးသတ်မည်ဖြစ်ကြောင်း ဝါဒဖြန့်ထားသောကြောင့် အလင်းဝင်လိုသောစစ်သားများ မပြေးရဲ၊ အလင်းမဝင်ရဲ တာတွေ ရှိကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#စစ်ကောင်စီစစ်သား
#ရဲနှင့်ပြည်သူ့စစ်များ
#ဇူလိုင်လပထမပါတ်အတွင်း
#အလင်းဝင်
#လက်နက်ချ
#စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရ
#ပြည်သူ့ပန်းတိုင်
#People’s Goal
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7