ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/16zGMMWCv1/

ဖယ်ခုံအရှေ့ဖက်ခြမ်းမှ စစ်ဘေးရှောင်လာသော သူများအတွက် စားနပ်ရိက္ခာ နှင့် မိုးကာများလိုအပ်နေသေးကြောင်း ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကောင်စီ နှင့် PNO တို့ ရေပူဖက်မှ စတင်စစ်ကြောင်းထိုးလာခဲ့သည့် ဇွန်လမှစပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကာ ၎င်း တို့အတွက် စားနပ်ရိက္ခာ နှင့် အမိုးအကာများ လိုအပ်နေသည်။

” အခက်အခဲကတော့ အများကြီးပဲ၊သူတို့ တောင်းဆိုထားတွေလည်းအများကြီးပဲ၊ စားနပ်ရိက္ခါ နဲ့ မိုးကာတော့ အရေးကြီးလိုနေပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဖယ်ခုံအရှေ့ဖက်ကမ်းကို ထပ်မံ ပိတ်ဆို့စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများအရေးပေါ်စစ်ဘေးရှောင်လာခဲ့ရကြောင်းသိရသည်။

” ပြီးခဲ့တဲ့ပါတ်က အရေးပေါ်ပြေးလာရတဲ့လူအများကြီးပဲ ၊ ပစ္စည်းတွေလည်းမသယ်နိုင်ကြဘူး၊ အဝတ်တစ်ထည်ကိုယ်တစ်ခုပြေးလာကြတဲ့လူလည်းရှိတော့ အကူအညီတွေအများကြီးလိုအပ်နေပါတယ်” ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီက ပိတ်ဆို့စစ်ကြောင်းထိုးလာသောကြောင့် ဖယ်ခုံအရှေ့ဖက်ကမ်းရှိ ကျေးရွာများမှ ဒေသခံအချို့ ပိတ်မိနေကြောင်းသိရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်း-ကရင်နီနယ်စပ်
#ဖယ်ခုံအရှေ့ဖက်ကမ်း
#ရေပူဖက်မှစတင်စစ်ကြောင်းထိုးလာ
#ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
#စားနပ်ရိက္ခာနှင့်အမိုးအကာများလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7