ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/15sCDnwJE2/

တောင်ကြီး-အောင်ပန်း- ကလောလမ်း တစ်လျှောက်တွင် ယခုနှစ်ပိုင်းတွင် ယာဉ်တိုက်မှုနှုန်းမြှင့်တက်လာပြီး ဇူလိုင် (၁၆)ရက်နေ့တွင် ယာဉ်တိုက်မှု (၂)ခု ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-အောင်ပန်း-ကလောလမ်း တဝိုက်တွင် ပြီးခဲ့သည့် မေလမှာ စ၍ ယာဉ်တိုက်မှု နှုန်းမြင့်တက်လာပြီး ဇူလိုင် (၁၆)ရက်နေ့တွင် တစ်ရက်တည်း အောင်ပန်းမြို့၌ ယာဉ်မတော်တဆ (၂)ခု ဖြစ်ပွားခဲ့သည်။

“ကားနဲ့ဆိုင်ကယ် ကလော အထွက် ဘက်မှာ ဖြစ်တာ၊ တော်သေးတယ် ဆိုင်ကယ် သမား ခေါင်းနဲနဲ ပေါက်တယ် လက်နဲနဲပြဲသွားတယ်၊ ကျန်တာတော့ မဖြစ်လိုက်ဘူး အရေးပေါ်တင်လိုက်တယ်၊ ယာဉ်တိုက်မှုက တောက်လျှောက်ဖြစ်တယ်၊ မတော်တဆ အရမ်းများတယ် အခုတလော နည်းနည်းစိပ်လာတယ်” ဟု နာရေးကူညီမှုအသင်း အောင်ပန်းမှအဖွဲ့ဝင်တသ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အလားတူ မနေ့ဇူလိုင် ၁၆ရက် နေလယ် (၁)နာရီချိန် အောင်ပန်းမြို့ အထွက်သရက်ပု ကုန်းဆင်းလမ်းတွင် ကားဘရိုတ်ပေါက်၍ တိမ်းမှောက်ကာ ယာဉ်မောင်းသမား ပေါင်းကျိုးသွားခဲ့သည်။

တောင်ကြီး၊ အောင်ပန်း၊ ကလောလမ်းတဝိုက် ယာဉ်တိုက်မှုနှုန်း သည် ယခုနှစ် မေလမှစ၍ ယာဉ်တိုက်မှု ပေါင်း (၁၀)ခု ထက်မနည်း ဖြစ်လာကြာင်းသိရသည်။

PPVOO13
ပုံ-အွန်လိုင်း
#မှုခင်း
#တောင်ကြီး
#အောင်ပန်း
#ကလောလမ်းတစ်လျှောက်
#ယာဉ်တိုက်မှုနှုန်းမြှင့်တက်
#နာရေးကူညီမှုအသင်းအောင်ပန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7