ခမ်းသားငေါဝ်း
ဇူလိူင် ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/15wQHuzNS1/

သံလွင်မြစ်သည် စိုးရိမ်ရေမှတ် အထက်သို့ ၂ လက်မ ခန့်ကျော်လွန်ရောက်ရှိနေသဖြင့် ဘားအံ မြို့တွင်နောက် တစ်ရက်အတွင်း ရေပေဝက်ခန့်တက်လာနိုင်ကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ ထုတ်ပြန်ထားသည်။

ရေတက်လာနိုင်ခြင်းကြောင့်ကရင်ပြည်နယ် ဘားအံမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေး ထုတ်ပြန်ထားခြင်းဖြစ် သည်။

အလားတူ ဧရာဝတီ မြစ်ရေသည် ပခုက္ကူမြို့၊ ချောက်မြို့နှင့် ဆိပ်သာမြို့တွင်လည်း မြို့၏ စိုးရိမ် ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက် သုံးရက်အတွင်း စိုးရိမ်‌ ရေမှတ်သို့ ရောက်ရှိ နိုင် ကြောင်း သတိပေးထုတ်ပြန်ထား သည်။

ထို့ကြောင့် မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်းသိရသည်။

၎င်းမြို့ များတွင် မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်းစစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှု ဦးစီးဌာနမှကြိုတင်အသိပေး ထားသည်။

#ppv013
#မိုးလေဝသ
#ရေတက်နိုင်
#ဘားအံ
#ကရင်ပြည်နယ်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home