ခမ်းသားငေါဝ်း
ဇူလိူင် ၁၁၊ ၂၀၂၅
https://www.facebook.com/share/p/15RSFas7Pk/
TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုယနေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ယနေ့ ဇူလိုင်(၁၁)ရက် နံနက်(၃)နာရီ (၁၂)မိနစ်၊ (၁၆)မိနစ်နှင့် (၂၂)မိနစ်မှာ စုစုပေါင်း(၃)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကောလီဟိုတယ်မှာ(၁)ကြိမ်၊ ပင်လုံလမ်းမပေါ်ရှိတဲ့မြို့မရဲစခန်းမှာ(၁)ကြိမ်၊ခရိုင်ရဲရုံးမှာ(၁)ကြိမ် ကြဲခံရတယ်။ အခုသိထားတာက ဟိုတယ် ဝန်ထမ်း(၁)ဦးနဲ့ အဲ့မှာတည်းနေတဲ့ စစ်ရှောင်(၁)ဦး သေဆုံးတယ်လို့ သိရတယ်။ ထပ်တိုးလာဖွယ်ရှိတယ်ဗျ၊အတိအကျတော့ မသိရသေးဘူး။အထိအခိုက်အပျက်စီးလည်း များမယ်ဗျ”ဟု ဖြစ်စဉ် သိရှိသူ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီသည် TNLAထိန်းချုပ်ရာ နောင်ချို၊မိုးကုတ်၊ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု မကြာခဏကျူးလွန်နေပြီး ပြည်သူထိခိုက်သေဆုံးမှု များစွာရှိသလို နေအိမ်အဆောက်အဦးလည်း များစွာ ထိခိုက်ပျက်စီကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်(၈)ရက်မှာလည်း TNLAထိန်းချုပ်ရာ ကျောက်မဲနှင့် မိုးကုတ်မြို့မှာ စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
#PPV0011
#Humanright
#လေကြောင်းတိုက်ခိုက်
#ကျောက်မဲ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်