ခမ်းသားငေါဝ်း
ဇူလိူင် ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/17Gmupjuuu/
ကရင်နီပြည်နယ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လ ၉ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၃ ဦးသေဆုံးပြီး၊ ၉၄ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကထုတ်ပြန်ထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် ကလေးငယ် ၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေး ၁၃ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အဆိုပါကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်း၊ မြေမြုပ်မိုင်းများကြောင့် ပြည်သူ ၂၉ ဦးသေဆုံးပြီး၊ ၁၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများထဲတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၃ ဦး နှင့် ကလေးငယ် ၆ ပါဝင်ကာအချက်အလက်အတိအကျမသိရသူ ၂ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင်လည်း ဖယ်ခုံမြို့အတွင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သောကြောင့် အသက် ၄ နှစ်အရွယ်ကလေး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြီးမားစွာကျူးလွန်လာခဲ့ပြီး၊ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေရာ ၂၀၂၅ ခုနှစ်တွင် ပြည်သူများအားပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ပိုမို တိုးမြှင့်လုပ် ဆောင်လာနေပြီး နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကျူးလွန်နေကြောင်း IEC က ထုတ်ပြန်ထားသည်။
#PPV 003
#Humanright
#IEC
#ကရင်နီပြည်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်