ခမ်းသားငေါဝ်း
ဇူလိူင် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1BmEaHoQoT/

စစ်ကောင်စီက လားရှိုး သီပေါနယ်စပ်ရှိ MNDAA တပ်များကို ပြန်လည်ဆုတ်ခွာပေးရန် ဆွေးနွေးညှိနှိုင်း သဘောတူညီမှု မရရှိဘဲ နှစ်ဖက်တပ်မှ အင်အား ဖြည့်တင်း‌နေမှု သတင်းထွက်ပေါ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်မှုရှိနေကြောင်း ဇူလိုင်(၁၀) ရက်တွင်သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ နှင့် MNDAAတို့ ထပ်မံတွေ့ဆုံဆွေးနွေးမှု မအောင်မြင်ကြောင်းနှင့် ရှမ်းမြောက် တိုက်ပွဲပြန်လည်ဖြစ်ပေါ်နိုင်ကြောင်း အမျိုးမျိုးသတင်းထွက်ပေါ်‌နေမှု‌ကြောင့် ပြည်သူများ နေအိမ်၊ အဆောက်အဦး၊ ဘုရားကျောင်း ပြန်လည်​ပြုပြင်နေမှုကို ခေတ္တယာယီရပ်နားပြီး စောင့်ကြည့်နေရကြောင်း သိရသည်။

“သတင်းက အမျိုးမျိုးထွက်နေတယ်။ သိန္နီကိုလည်း တရုတ်ဖိအားနဲ့ စကစထံပြန်ပေးဖို့ ညှိနှိုင်းမှု ကိုးကန့်ဖက် သဘောမတူကြောင်း သိရတယ်။ အခု စကစဘက်က လက်နက်ကြီးတပ်ဆင်နေတာရှိသလို၊ ကိုးကန့်ဘက်လည်း မန်အိုင်ထိ နေရာပြန်ယူပြီး အင်အားဖြည့်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့တော့ စိုးရိမ်တာပေါ့နော်။ နေအိမ်၊ ဘုရားကျောင်း၊ အဆောက်အဦး ပြန်ပြင်နေတာလည်း ဆက်လုပ်ရမလား၊ စောင့်ကြည့်ရမလားနဲ့ လောလောဆယ်တော့ နားထားတယ်”ဟု ဒေသခံကတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် လားရှိုးမြို့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးတပ်ဆင်မှု အင်အားဖြည့်တင်းနေမှု အခြေအနေကြောင့် လပိုင်းအတွင်း နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးမှု ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာနေသူက သုံးသပ်ထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ကိုးကန့်တပ်မှ စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ပြီး လက်ရှိချိန်ထိ စစ်ကောင်စီက ပြန်လည်အုပ်ချုပ်နေ‌ခြင်း ဖြစ်သည်။

#PPV0011
#နိုင်ငံရေး
#စစ်ရေး
#လားရှိုး
#MNDAA

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home