ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/16Eo16uYY2/

ဝါဆိုလပြည့်နေ့တွင် နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ ယေးခေါဝ်းရွာ တောင်ပေါ်ဘုရား စေတီပြိုကျ မြေခ ခဲ့ရကြောင်းရွာသားများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့အနောက်ဖက် ယေးခေါဝ်းရွာ တောင်ပေါ်ရှိ ဘုရားစေတီသည် ဇူလိူင်လ ၉ ရက် ဝါဆိုလပြည့်နေ့တွင် ပြိုကျ မြေခခဲ့ရကြောင်းသိရသည်။

“မနေ့က မိုးတစ်နေကုန်ရွာနေတော့ မြေတွေပျော့ အုတ်တွေပျော့ပြီး ပြိုကျတာ အရင်ငလျင်လှုပ်တုန်းကလည်း အနည်းငယ်ထိခိုက်တာပါတယ်။ခုမိုး အကြာကြီးရွာတော့ ပြိုကျသွားတာ လူထိခိုက်တာတွေတော့မရှိဘူး “ဟု ယေးခေါဝ်းရွာသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုဘုရားတောင်ပေါ်ရှိ ဘုးရားစေတီသည် နှစ်ပေါင်း၃၀ကျော် ရှိပြီဖြစ်ပြီး ယခုလို မြေခသောကြောင့် ရွာသားများ နှမြောပြီး စိတ်မကောင်း ဖြစ်နေကြကြောင်းသိရသည်။

ယေးခေါဝ်းကျေးရွာသည် ပင်လောင်းမြို့နယ်တွင် ခရီးသွား အများဆုံးသွားသော ကျေးရွာထဲတွင်ပါဝင်ပြီး လူအသွားများသော မျှော်လင်ခြင်းတောင်ကုန်းလည်း ယင်းကျေးရွာတွင် ရှိကြောင်းသိရသည်။

.ပုံ-အွန်လိုင်း
#PPV005
#ဘာသာရေး၊
#ယေးခေါဝ်း
#ပင်လောင်း
#ဘုရားစေတီ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home