ခမ်းသားငေါဝ်း

ဇူလိုင် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1LCnwSB1xp/

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် ဇူလိုင်လ ၃ ရက်နေ့မှစပြီး အရပ်သားနေအိမ်များကို စစ်ကောင်စီက နေ့စဥ် မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စိီသည် မိုးဗြဲမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့အင်အားအများအပြားဖြင့် ဖြန့်ခွဲပြီး လူမိုက်ဆန်ဆန် ဖျက်ဆီးဝင်ရောက်လာကာ၊ ဇူလိုင်လ ၃ ရက်နေ့မှစပြီး နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေပြီး ဇူလိုင်လ ၆ ရက်နေ့ညနေပိုင်းအထိ လူနေအိမ် ၂၀ ကျော်ခန့် မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

” မြို့ထဲမှာစစ်ကောင်စီပဲနေတာ၊ သူတို့ရှို့တာပဲဖြစ်တယ်၊ မီးလောင်တာ ၃ ရက် ၄ ရက်လောက်ရှိနေပြီ၊ သူတို့အကျင့်အတိုင်း ရောက်တဲ့နေရာမီးရှို့နေတာပဲ ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စစ်ကြောင်းထိုးနေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေကြောင်းသိရသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ ​အနီးရှိ လူနေကျေးရွာများဖက်ကိုလည်း လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူလူထုများအနေဖြင့် စစ်ရေးအသိ နှင့် လုံခြုံရေး သတိရှိစွာ နေထိုင်သွားလာကြရန် KNDF က အသိပေးထားသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးဗြဲမြို့
#အရပ်သားနေအိမ်များ
#မီးရှို့ဖျက်ဆီးနေ
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7