ခမ်းသားငေါဝ်း

ဇူလိုင် ၈၊ ၂၀၂၅

https://www.facebook.com/share/p/15qNVVKJnw/

ယခုနှစ် ၂၀၂၅၊ နှစ်စမှ စ၍ လဝက်အထိ စစ်ကောင်စီ တပ်မှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၁၅၀၀)နီးပါးအထိရှိလာကြောင်း ပြည်သူ့ပန်းတိုင် ၏ ထုတ်ပြန်ချက်အရသိရပါသည်။

ပြည်သူ့ပန်းတိုင်မှာ ကောက်ယူထားသည့်မှတ်တမ်းအရ ၂၀၂၅ ဇန်နဝါရီလမှ ဇွန်လ အထိ စစ်ကောင်စီတပ်မှ လက်နက်ချ၊ အလင်းဝင်စစ်သုံ့ပန်း စုစုပေါင်း (၁၄၉၂)ဦး ရှိခဲ့ပြီး ဇွန်လတွင် အလင်းဝင်သူ စစ်သားအများစုသည် တပ်သားသစ်အများအပြား ပါဝင်လာကြောင်း သိရှိရပါသည်။

“တပ်သားသစ်တွေကတော့အပတ်တိုင်း နီးပါးလောက်ပါပါတယ် အရေအတွက်ကတော့ မတူဘူးပေါ့နော် ၊ အထူးသဖြင့် သူတို့ပေါ်တာဆွဲပြီးဖမ်း ခံရတယ် ပေါ်တာဆွဲပြီးစစ်ထဲပို့တယ်၊ ပို့ပြီး ၊ ဆိုးတဲ့ ရှေ့တန်းတွေကို ပို့လိုက်တာပေါ့ အဲ့တော့သူတို့တွေ တပ်ဖွဲ့ အဖွဲ့အစည်း ဥပမာ အောင်ဇေယျစစ်ကြောင်းကို ပို့လိုက်တဲ့သူဆိုရင် KNLA နဲ့ ချိတ်ပြီးတော့ အလင်းဝင်တဲ့သူတွေလည်းရှိပါတယ်” ဟု ပြည်သူ့ပန်းတိုင်မှ ခမ်းသားငေါဝ်းကိုပြောသည်။

အလင်းဝင်လက်နက်ချသူအများစုသည် ပေါ်တာဆွဲခံရသူများနှင့် စက်ရုံအလုပ်သားများလည်း ပါဝင်ပြီး ၎င်း တို့သည် “အသက်အတွက် တော့ အတော်များများ အလင်းဝင်ကြတယ်” ဟု ၎င်း ကဆက်ပြောသည်။

ထို့ပြင် ဇူလိုင် ပထမ အပတ်တွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းများထံသို့ လက်နက်ခဲယမ်းများနှင့်အတူ SNA မှ ရဲဘော် (၁၇) ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိပါသည်။

ထို့ကြောင့် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်၊ စစ်သုံ့ပန်းသည် ၂၀၂၅ နှစ်ဝက် အထိ ၁၅၀၀ နီးပါးအထိ ရှိပြီး ၎င်း အချက်အလက်သည် ပြည်သူ့ပန်းတိုင်၏ ကောက်ယူထားပြီး မြေပြင်တွင် ယင်းထက် အရေအတွက်များနိုင်ကြောင်း သိရှိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အလင်းဝင်
#လက်နက်ချ
#စစ်သုံ့ပန်း
#ပြည်သူ့ပန်းတိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed