ခမ်းသားငေါဝ်း
ဇူလိူင် ၅၊ ၂၀၂၅
https://www.facebook.com/share/p/19Xqwjj7zJ/
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ကန့်ကွက် ဆန့် ကျင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင် ခံကောင်စီ (NUCC) တို့က ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို ယနေ့ ဇူလိုင်လ (၅)ရက်နေ့မှာ မေတ္တာရပ်ခံ ပန်ကြားကြောင်း ထုတ်ပြန်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ ဆက် လက်တရားဝင်နေဆဲဖြစ်ခြင်းကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်တမ်းရှည်စေရန်အတွက် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
ပြည်သူ့ဆန္ဒမပါဘဲ ဒီမိုကရေစီစံနှုန်းကို ချိုးဖောက်ကာ ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားနေသောကြောင့် တော်လှန်ရေးသတိကြီးစွာဖြင့် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်း မပြုလုပ်ဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်ရန် တိုက်တွန်းထားသည်။
“၂၀၂၀ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ်စား လှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးစားခြင်း ဖြစ်သည်”ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် တော်လှန် ရေး အင်အားစုများကို ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သောကြောင့် လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။
#PPV0011
#ရွေးကောက်ပွဲ
#NUG
#NUCC
#နိုင်ငံရေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်