ခမ်းသားငေါဝ်း
ဇူလိူင် ၅၊ ၂၀၂၅
https://www.facebook.com/share/p/1A46WukMqt/
တရုတ်အစိုးရက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် လူထုအခက်အခဲများဖြေရှင်းရန် ရှေးရှုပြီး စစ်ကောင်စီ နှင့် အပစ်ရပ်ရန် ကြားဝင်စေ့စပ်ပေးမှုများရှိကြောင်း ယနေ့ ဇူလိုင်လ ၅ နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။
” ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ၊ တရုတ်အစိုးရက TNLA ကိုခေါ်ပြီး အပစ်ရပ်ဖို့၊ ထိုးစစ်ဆင်မှုများမပြုလုပ်ဖို့၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကြားဝင်တောင်းဆိုတာတွေရှိတယ်၊ တစ်ဖက်မှာလည်းတရုတ်အစိုးရက စစ်ကောင်စီ နဲ့ တွေ့ဆုံတာတွေ ရှိပါတယ် ” ဟု လွေးယေဦးကဆိုသည်။
လာမည့် သြဂုတ်လ အကုန်တွင် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှု TNLA နှင့် စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်းသိရသည်။
“တရုတ်အစိုးရကြားဝင်စေ့စပ်မှုကတော့ အတော်လေးခရီးရောက်ပါတယ်၊ စစ်ကောင်စီ နဲ့ အပစ်ရပ်ဖို့ကြိုးပမ်းနေတာတွေရှိနေပါတယ်၊ TNLA အနေနဲ့တော့ စစ်ရေးအရကော နိုင်ငံ ရေးအရကော ပြင်ဆင်ထားတာရှိပါတယ် ” ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ တွင်လည်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှု ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီ နှင့် TNLA တို့ ၂ ရက်သာဆွေးနွေးမှု ပြုလုပ်ခဲ့ကြသော်လည်း ရလာဒ်တစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိလဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရကြောင်းသိရသည်။
ရှမ်းမြောက် နောင်ချိုမြို့နယ် အတွင်းစစ်ကောင်စီနှင့် TNLA တို့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။
#PPV 003
#နိုင်ငံရေး
#TNLA
#သတင်းစာရှင်းလင်းပွဲ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်