ခမ်းသားငေါဝ်း
ဇူလိူင် ၄၊ ၂၀၂၅
https://www.facebook.com/share/p/15bXzym6kD/
e-IDစနစ်ဆိုင်ရာ လုပ်ငန်းများ အဆင့်မြင့်တင်ရန်နှင့် ဝန်ဆောင်မှု အရည်အသွေး ပိုမို ကောင်းမွန်စေရန် မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးသည့် လုပ်ငန်းကို ဇူလိုင် (၄) ရက်စပြီး ယာယီရပ်နားထားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားသည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် Server Maintenance လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် ရပ်နားထားခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်နေသည့် ကာလအတွင်း မြို့နယ်ရုံးများတွင် UID နံပါတ်ရယူခြင်း(စမတ်ကတ်ပြုလုပ်ခြင်း) အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက် ဆိုင်စစ်ဆေးခြင်းစသည့် လုပ်ငန်းများလည်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဌာနဆိုင်ရာ အနေဖြင့် e-ID ဆိုင်ရာလုပ်ငန်းများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် အစွမ်း ကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဇူလိုင်(၄)ရက် ယနေ့မှ စတင်ပြီး ခေတ္တယာယီရပ်ဆိုင်းကာ ပြန်လည် အသုံးပြုနိုင်မည့် အချိန်ကို ထပ်မံကြေညာသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
#PPV0011
#စမတ်ကဒ်
#ယာယီရပ်နား
#social
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်