ခမ်းသားငေါဝ်း
ဇူလှိုင် ၄၊ ၂၀၂၅

https://www.facebook.com/share/p/16eEP4fqeg/

ဖားဆောင်းမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ အခြေစိိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းကို ပြီးခဲ့သော ဇွန်လ ၂၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့၌ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

” လက်နက်ခဲယမ်းတွေ အများကြီးသိမ်းရတယ်၊ ဟောင်ဝစ်ဇာအမြောက်တစ်လက်ပါတယ်၊ အဲ့ဒါတော့ တော်တော် အရေးပါတဲ့လက်နက်ပါ၊ စစ်သုံ့ ပန်းတွေနဲ့ သူတို့မိသားစုတွေပါအများကြီးမိပါတယ်၊ အရေအတွက် အတိကျအသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက ထပ်ပြီးထုတ်ပြန်ပေးပါလိမ့်မယ်” ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂ ရက်နေ့တွင်လည်း ဖားဆောင်းတိုက်ပွဲအတွင်းကို ဗုံးကြဲရန်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဥ် ၄ စင်းကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဥ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပျက်ကျလေယာဥ်ကို ဇူလိုင်လ ၃ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်၌ ဖားဆောင်းမြို့အနီးတွင် လေယာဥ်မှူး နှစ်ဦး၏ ရုပ်အလောင်းနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

ဖားဆောင်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၁၃၅ တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ရန် တော်လှန်ရေးတပ်ပေါင်းစုများက ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

#PPV 003
#တိုက်ပွဲ
#ဖားဆောင်း
#စကစတပ်ကျ
#ကရင်နီ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home