ခမ်းသားငေါဝ်း
ဇူလိူင် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1BtTjMFHNt/

MNDAAထိန်းချုပ်ရာဒေသ လောက်ကိုင်မြို့တွင် မိုးများပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ရေလောင်ကန်ငယ် ပြိုကျမှုကြောင့် မိသားစု(၃)ဦးရေထဲမျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ထိန်းချုပ်ရာ လောက်ကိုင်မြို့တွင် ယမန်နေ့ ဇူလိုင်လ(၃)ရက်နေ့က ရေလောင်ကန်ငယ် ပြိုကျရာ အနီးနေထိုင်သည့် မိသားစု (၃)ဦးရေထဲမျောပါခဲ့ပြီး MNDAAမှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သော်လည်း သေဆုံးနေသည့် ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“မိုးအရမ်းရွာတော့ ကန်ကပြိုကျ ချက်ချင်းဆိုတော့ ပြင်ဆင်ချိန်မရှိလိုက်တဲ့ အခြေအနေပါ။ အဲ့နာပုံမှန်ဆို မြောင်းက ရေအဲ့လောက်မကြီးဘူး။ ကန်ပြိုသွားတော့ အခုလို‌ရေနစ်‌ သေဆုံးမှုဖြစ်သွားတယ်။ ကလေးငယ်လေး တစ်ယောက်ပါတယ်”ဟု ဖြစ်စဉ် သိရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

ဖြစ်စဉ် သိသိချင်း MNDAA မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သော်လည်း ဇူလိုင်(၃)ရက် မွန်းလွဲပိုင်းမှာ သေဆုံးနေသည့် ရုပ်အလောက်ကိုသာ ဆည်ယူရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံများ သွားလာရေး အဆင်မပြေမှု ကြုံတွေ့ခဲ့ကာ မြေနိမ့်ပိုင်းရှိ ဆိုင်ခန်းအချို့ ပြောင်းရွေ့မှု လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

#PPV0011
#သဘာဝဘေး
#MNDAA
#လောက်ကိုင်
#ရေထဲမျောပါသေဆုံး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home