ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅
https://www.facebook.com/share/p/14Dj3GX9APT/
နိုင်ငံတဝန်းတွင် စစ်ကောင်စီ အုပ်စုကြောင့် (၂၀၂၅) ခုနှစ်၊ ဇွန်လ (၁)လတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၀)ဦးရှိကြောင်း ဇူလိုင်လ(၃)ရက်၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်သော အစီရင်ခံစားအရ သိရသည်။
ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၈) ဦး သေဆုံးခဲ့ပြီး အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၆) ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
“အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေဟာ တနေ့တခြားပိုမိုများပြားလာတာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံရေး အကျဉ်းသားသေဆုံးမှုတွေကို ဆန်းစစ်ကြည့်ရရင် စစ်ကြောရေး၊ အကျဉ်းထောင်နဲ့ အခြားနေရာမျိုးစုံမှာ ချုပ်နှောင်ခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့်၊ အချိန်မီဆေးဝါးကုသမှု မရရှိမှုကြောင့်၊ လုံ လောက်တဲ့ အာဟာရမရရှိမှုတွေကြောင့်ဆိုတဲ့ အချက်တွေအပြင် ထောင်ပြောင်းရွှေ့မှုတွေကြောင့် မိသားစုဆီက အထောက်အပံ့ရရှိမှုခက်ခဲတာတွေ၊ တချို့တိုက်ပွဲဖြစ်ပွါးရာနဲ့ နီးစပ်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံနေရမှု၊ သေဆုံးနေရမှုကိစ္စတွေအတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင်ဆင့်က တာဝန်ခံရမှာဖြစ်ပါတယ်”ဟု ကိုဘိုကြည်တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)မှ ပြောကြားထားသည်။
အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် (AAPP) မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးရသည့် အကြောင်းရင်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၆)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၅)ဦး၊ အကြောင်းအရင်းစုံစမ်းဆဲ (၁၄)ဦး၊ ထောင်တွင်းကျန်းမာရေးကြောင့်(၂)ဦးသေဆုံးရပြီး ပစ်ခတ်မှုကြောင့်(၁)ဦး သေဆုံးရကြောင်း ဖော်ပြထားသည်။
၎င်းအပြင် မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များသည် ယခုထက် ပိုမိုများပြားနိုင်ပြီး အတည်ပြုရန်လိုအပ်နေသည့် (၁)လအတွင်း သေဆုံးခဲ့သူ (၈၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်းကို ဖော်ပြထားသည်။
PPV0011
ပုံ-Crd
#လူ့အခွင့်အရေး
#နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7