ခမ်းသားငေါဝ်း

ဇူလိုင် ၃၊ ၂၀၂၅

https://www.facebook.com/share/p/18nmeKSbro/

ဒီမောဆို အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီပြည်နယ်၊ ဒီမောဆို အနောက်ဖက်ခြမ်းရှိကျေးရွာတစ်ရွာကို ဇူလိုင်လ ၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

” ည ၁၂ နာရီ ဝန်းကျင်အချိန်ပဲ ၊ ညသန်းခေါင်ပေါ့၊ ၂ လုံးလာကြဲသွားတယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ ကံကောင်းလို့ နေအိမ်ကိုမထိပဲ ယာခင်းထဲကျသွားတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ် နှင့် ကယန်းဒေသတွင် စစ်ကောင်စီတပ် မှ လေကြောင်းတိုက်ခိုက်မှု ၁၉၅၅ ကြိမ်ပြုလုပ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ အချက်အလက်အရသိရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်
#ဒီမောဆိုအနောက်ဖက်ခြမ်း
#လေကြောင်းဖြင့်ဗုံးကြဲ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7