ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅
https://www.facebook.com/share/p/1D7QFiPgn5/
နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံပြည်သူ (၁၇၆၀)ဦး အကူအညီလိုအပ်နေကြောင်းဇူလိုင်(၃)ရက်တွင် သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် TNLAအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ နောင်ပိန်တိုက်နယ်အတွင်း သွားရောက် ခိုလုံနေကြရကြောင်း သိရသည်။
“လိုအပ်တာတော့ အများကြီးရှိတယ်။ လောဆယ်အဓိကဖြေရှင်းရမဲ့အရာကတော့ ဆန်၊ဆီ၊ဆား၊ ငါးခြောက်တို့ပေါ့နော်။ တချို့ကျ ဘာမှယူဆောင်လာချိန်မရှိဘဲ တိမ်းရှောင်လာရတဲ့ အခြေအနေလည်း ရှိတယ်”ဟု စစ်ဘေးရှောင် ကူညီပေးနေသူက ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း အထကကျောင်း၊ ဘုန်းကြီးကျောင်းများသို့ ခိုလုံနေကြသော စစ်ဘေးရှောင် မိသားစု (၈၀၀)နီးပါးနှင့် လူဦးရေ (၁၇၆၀)ဦး ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၄)ရွာ အုမ္မခါး၊ မျက်ချီးနု၊ လုံစံနှင့် ကျောက်တော ကျေးရွာတို့မှာ ယမန်နေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာအများစု စစ်ဘေးတိမ်းရှောင်ကြရပြီး အချို့မိသားစုသည် စားဝတ်နေရေးအတွက် မည်သည့်အရာမျှ ယူဆောင်ချိန် မရှိဘဲ တိမ်းရှောင်ရမှုကြောင့် အကူအညီ လိုအပ်နေကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နောင်ချိုမြို့နယ်
#တိုက်ပွဲဖြစ်ပွားနေ
#စစ်ဘေးတိမ်းရှောင်လာသည့်ဒေသခံပြည်သူ
#TNLA
#နောင်ပိန်တိုက်နယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7