ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅
https://www.facebook.com/share/p/1CSNXw43pi/
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့ နံနက်အစောပိုင်း၌ ပအိုဝ်းအမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လမ်ကဖဲင်၊ ဆွယ်(၅၈)တွင်နေထိုင်သည့် ရွေ့ပြောင်းအလုပ်သမား ပအိုဝ်းအမျိုသမီးတစ်ဦးသည် နေအိမ်တိုက်ခန်းတွင် ယနေ့နံနက်အစောပိုင်း၌ မိမိကိုယ်ကို ဆွဲကြိုးချအဆုံး စီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သတင်းအရဆိုရင်တော့ မနေ့ညက သူ့သူငယ်ချင်းလား၊ ရည်းစားလား၊ သူ့ယောက်ျားလားမသိဘူး သူ့ဆီလာသေးတယ် အဲ့တာပြန်ပြီးမကြာဘူး သူ့ကိုယ်သူဆွဲကြိုးချသေသွားတယ် ဘာကြောင့်အခုလို လုပ်တယ်ဆိုတာလည်း ကျွန်တော်တို့မသိရသေးဘူး”ဟု ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ဆွဲကြိုးချသေသွားသည့်အမျိုသမီးသည် ပအိုဝ်းလူမျိုးတစ်ယောက်ဖြစ်ပြီး တောင်ကြီးမြို့နယ် ပုံဆွေပင်ရွာကဖြစ်ကြောင်းသိရသည်၊၊
“အခုက သမီးရည်းစားပြဿနာဖြစ်တာလား လင်မယားပြဿနာဖြစ်တာလား မသိရဘူး၊ မနေ့ညကမှ ဆွဲကြိုးချသေသွားတာ ထိုင်းရဲတွေလည်း စစ်ဆေးပေးနေပြီ၊ ကြားတာကတော့ ပုံဆွေပင်ရွာဘက်ကလို့ ပြောတာပဲ ဘယ်လိုမျိုးပြဿနာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို သတ်သေတာမျိုးတော့ မလုပ်ကြဖို့ အကြံပြုပြောပေးချင်တယ်” ဟု၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် အလုပ်အကိုင်အဆင်မပြေကြဘူးဟုဆိုကာ ပအိုဝ်းလူငယ် သမီးရည်းစားနှစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#မှုခင်း
#ထိုင်းနိုင်ငံ
#ဘန်ကောက်မြို့
#ပအိုဝ်းအမျိုးသမီး
#ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7