ခမ်းသားငေါဝ်း

ဇူလိုင် ၂၊ ၂၀၂၅

https://www.facebook.com/share/p/16o3nxEWbN/

ထိုင်းနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးရှုပ်ထွေးမှုများတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြစုဝေးရာ နေရာများကို ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင်လ(၂)ရက်၌ ထုတ်ပြန်ထားသည်။

မိမိတိုင်းပြည် အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ရောက်ရှိရာ နိုင်ငံ၏ ဥပဒေ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်စွာ နေထိုင်ကြရန်နှင့် ထိုင်းရောက် မြန်မာနိုင်ငံသားအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုး‌ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ထိုင်းရောက် မြန်မာနိုင်ငံသားများ ကိုယ်စား ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နှင့် ထိုင်းပြည်သူများကို NUG အ‌နေဖြင့် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

“မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NUGအ‌နေဖြင့် ယာယီခိုလုံနေရသည့်ကာလအတွင်း၌ မြန်မာနိုင်ငံသားများက ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း အသိ‌ပေးနှိုးဆော်ရင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နုတ်ထွက်ပေးရန် ထိုင်းအထက်လွှတ်တော်အမတ်တို့၏ တောင်းဆိုစာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးမှ လက်ခံခဲ့ပြီးနောက် စီရင်ချက် မချခင်အချိန်အထိ ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့ထားကြောင်း သိရသည်။

PPV0011
#လူ့အခွင့်အရေး
#ထိုင်းနိုင်ငံ
#နိုင်ငံရေးရှုပ်ထွေးမှုများ
#မြန်မာနိုင်ငံသားများ
#ဆန္ဒပြစုဝေးရာ
#ရှောင်ရှားကြရန်
#ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများ
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG
#နိုင်ငံခြားရေးဝန်ကြီးဌာန

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7