ခမ်းသားငေါဝ်း

ဇူလိုင် ၂၊ ၂၀၂၅

https://www.facebook.com/share/p/16Tr3TGyEv/

ကရင်နီပြည်နယ် တိုက်ပွဲတစ်နေရာတွင် KNDF အမှတ် ၈ တပ်ရင်းမှ ဒုရင်းမှူး နှင့် တပ်စိပ်မှုးအပါအဝင် ၃ ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၈ ကဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNDF တပ်ရင်း ၈ တွင် တာဝန်ထမ်းဆောင်နေသော ဒုရင်းမှူး ဝိစတန်၊ တပ်ခွဲ ၁ တပ်စိပ်မှူး ဇော်ဝမ်း နှင့် တပ်သားစတီးဖင်း တို့သည် တိုက်ပွဲတစ်နေရာတွင် စစ်ကောင်စီ နှင့်အပြန်အလှန်ပစ်ခတ်ရင်း ဇွန်လ ၂၆ ရက်နေ့တွင် ကျဆုံးသွားကြောင်းသိရသည်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ မြို့တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုများကြောင်းသိရသည်။

ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများ၏ မိသားစုဝင် နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရကြောင်း နှင့် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည် ဟု KNDF အမှတ် ၈ ကထုတ်ပြန်ထားသည်။

အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ် နှင့် ကယန်းဒေသတွင် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၃၈၇၆ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးဖက်မှ ၈၀၁ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ အချက်အလက်အရသိရသည်။

PPV 003
ပုံ- KNDF
#စစ်ရေး
#ကရင်နီပြည်နယ်
#တိုက်ပွဲတစ်နေရာ
#KNDF
#ဒုရင်းမှူးနှင့်တပ်စိပ်မှုး
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7