ခမ်းသားငေါဝ်း

ဇူလိုင် ၂၊ ၂၀၂၅

https://www.facebook.com/share/p/1BD9rPvWgJ/

နောင်ချိုမြိုနယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီမှ ယမန်နေ့တွင် လေကြောင်းမှတဆင့် (၄) ကြိမ် ဗုံးကြဲချတိုက်ခိုက်၍ ပြည်သူ (၃) ဦး သေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် သုံးဆယ်ကျေးရွာကို ဇူလိုင်(၁)ရက်‌နေ့ နေ့လည်ပိုင်း (၃) နာရီ (၁၅) မိနစ်မတွင် တစ်ကြိမ် ၊ (၃) နာရီ (၁၆) မိနစ်တွင် တစ်ကြိမ်၊ (၃) နာရီ မိနစ်(၂၀)တွင် တစ်ကြိမ်နှင့် (၃) နာရီ (၂၃) မိနစ်တွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ်ဖြင့် ဗုံး (၁၁)လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံးခဲ့ပြီး (၁) ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၂)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် ဇွန်လ (၂၉) ရက်၌လည်း ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂)ဦး၊ အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၄)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် TNLAထိန်းချုပ်ရာ ဒေသသို့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် နောင်ချိုမြို့နယ်ကျေးရွာများရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

PPV0013
ပုံ – TNLA
#လူ့အခွင့်အရေး
#နောင်ချိုမြိုနယ်
#သုံးဆယ်ကျေးရွာ
#လေကြောင်းမှဗုံးကြဲချတိုက်ခိုက်
#TNLA

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

l