ခမ်းသားငေါဝ်း

ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/16cxPXV5Aa/

လွိုင်လင်မြို့တွင် မဲနှိုက်ခြင်းမရှိပဲ ဆင့်ခေါ်စာမကျသော်လည်း ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းရန် အတင်းခေါ်ဆောင်မှုရှိနေကြောင်း ဇူလိုင်လ(၁)ရင်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ရပ်ကွက်(၃)နှင့်(၄)ရှိ ပြည်သူများထံ သိန်း(၂၀)ပေးကာ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ပြီးကျိုင်းတုံ သင်တန်းကျောင်းသို့ ပို့ဆောင်မှု ရှိနေကြောင်း ဒေသခံထံမှ သိရသည်။

“သားမိနှစ်ယောက်ပဲရှိတဲ့အိမ်ကို သားဖြစ်သူအသက်(၃၉)နှစ်၊ မင်းဝင်ရမယ်ဆိုပြီး အတင်းခေါ်သွားတာ အဲ့ကောင်လေးက မဝင်ချင်ဘူးပြောတာ မရဘူးရှင့်၊ ပိုက်ဆံသိန်း(၂၀)အိမ်ကို လာပေးသွားပါတယ်။ မဲလည်းမနှိုက်ခိုင်း၊ ဆင့်ခေါ်စာလည်း မရောက်။ ခုကျိုင်းတုံသင်တန်းကျောင်း ပို့လိုက်ပါပြီ”ဟု ဒေသခံ(၁)ဦးက ပြောသည်။

ထို့အပြင် လွိုင်လင်မြို့တွင် ယခင်က စစ်မှုထမ်းရန် ငြင်းဆို၍ ထောင်ဒဏ်(၁)နှစ်ကျခံနေရသည့် လူငယ်အတွက်ပါ မဲနှိုက်ရပြီး ထောင်တွင်းပြန်လွတ်လာလျှင် ပြန်၍ စစ်မှုထမ်းရမည်ဟု ပြောဆိုမှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၈)ရက်နေ့တွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ အမျိုးသားများ အားလုံး စစ်မှုထမ်းရန် အိမ်ထောင်ဦးစီးကိုယ်တိုင် မဲနှိုက်ရပြီး မဲပေါက်သူ များစွာရှိနေကြောင်း၊ မဲပေါက်သူများတွင် လူကြီးသား‌‌တွေ မပါဝင်ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လွိုင်လင်မြို့
#မဲနှိုက်ခြင်းမရှိ
#ဆင့်ခေါ်စာမကျ
#ပြည်သူ့စစ်နှင့်အုပ်ချုပ်ရေးမှူး
#စစ်မှုထမ်းရန်
#အတင်းခေါ်ဆောင်မှုရှိနေ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7