ခမ်းသားငေါဝ်း

ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/16YmB1zwj6/

ကရင်နီပြည်နယ်နှင့် ကယန်းဒေသတွင် အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှ၊ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သား( ၃၈၇၆) ဦးသေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း ကရင်နီပြည်နယ်နှင့် ကယန်း ဒေသတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ အကြိမ်ရေ (၁၃၆၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် မှ (၃၈၇၆) ဦးသေဆုံးခဲ့ကာ တော်လှန်ရေးအင်အားစုများဖြစ်သော KNDF ၊ PDF၊ KA တပ်မှ (၈၀၁) ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီ တပ်မှ လေကြောင်းတိုက်ခိုက်မှု( ၁၉၅၅ )ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ် (၃၁၀၇)လုံး၊ ဘာသာရေးအဆောက်အအုံ( ၅၇ )ခု၊ ဆေးရုံဆေးခန်း ( ၁၇) လုံး၊ စာသင် ကျောင်း (၂၉) လုံး ထိခိုက်ပျက်စီသွားကြောင်းသိရသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ ယာဥ်တန်း (၆၈) စီးအပြင် တိုက်လေယာဥ် (၃) စီး ဖျက်ဆီးနိုင်ခဲ့ကြောင်းဖော်ပြထားသည်။

အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ (၅၈၀) ဦးးသတ်ဖြတ်ခံရပြီး၊ စစ်ရှောင်သေဆုံးသူ ( ၁၇၇) ဦးသေဆုံးခဲ့ကာ၊ မတရား ဖမ်းဆီးခံရသူ ( ၁၆၀) ဦး ရှိကြောင်း PKPF က ထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#ကရင်နီပြည်နယ်
#ကယန်းဒေသ
#စစ်ကောင်စီတပ်သား
#တိုးတက်သောကရင်နီပြည်သူ့အင်အားစု
#PKPF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7