ခမ်းသားငေါဝ်း

ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/1J3HqGNFB6/

ရှမ်း-ကရင်နီနယ်စပ်မိုးဗြဲမြို့ နေရာအများစုသို့ စစ်ကောင်စီတပ်များအင်အားအဆမတန် ထိုးစစ်ဆင်ဝင်ရောက်လာသောကြောင့် မိုးဗြဲမြို့ လမ်းမကြီးများကို အရပ်သားပြည်သူများ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုကြရန် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများက ဇွန်လ ၃၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

” မိုးဗြဲ မှာက တိုက်ပွဲနေ့တိုင်းလိုလိုဖြစ်တယ်၊ စစ်သားတွေ မြို့ထဲဝင်နိုင်ပြီလို့လည်းသိရပါတယ်၊ လက်နက်ကြီးကတော့နေ့တိုင်းလိိုလိုပစ်လာတယ်၊ ဒီအနီးနားကရွာတွေထဲကိုလည်းပစ်ပါတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့အတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီးမှုများရှိနေပြီး ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီး ကြောင့် အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦးထိခိုက်သေဆုံးခဲ့ရသည်။

မိုးဗြဲမြို့အနီးအနားရှိ ကျေးရွာလူထုများအနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြရန် လည်း တော်လှန်ရေးအင်အားစုများကအသိပေးထားသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ရေး
#ရှမ်း-ကရင်နီနယ်စပ်
#မိုးဗြဲမြို့
#ထိုးစစ်ဆင်ဝင်ရောက်လာ
#မိုးဗြဲမြို့လမ်းမကြီး
#လုံးဝဖြတ်သန်းသွားလာခြင်းမပြုကြရန်
#တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7