ခမ်းသားငေါဝ်း
ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/1H4g8Nci8u/

ရှမ်းပြည်နယ်အပါဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ယခုတစ်ပတ်အတွင်း နေရာကွက်ကြားမိုးကြီးနိုင်သဖြင့် သဘာဝဘေးအန္တရယ်များ အထူးဂရုပြုကြရန် NUG လူသားချင်းစာနာထောက်ထားရေးရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာဝန်ကြီးဌာနက ဇွန်လ(၃၀)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေက အားအလွန်ကောင်းလာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဇူလိုင်လ(၄)ရက်နေ့၌ အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းလာပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလျက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်း စသည့်ဘောအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပိုမိုဂရုစိုက်ကြရန်လိုအပ်ကြောင်း NUGက တိုက်တွန်းပြောဆိုထားသည်။

#PPV007
#ရာသီဥတု
#မြန်မာနိုင်ငံနေရာအနှံ့
#ယခုတစ်ပတ်အတွင်း
#နေရာကွက်ကြားမိုးကြီးနိုင်
#သဘာဝဘေးအန္တရယ်
#အထူးဂရုပြုကြရန်
#NUG
#လူသားချင်းစာနာထောက်ထားရေးရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာဝန်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7