ခမ်းသားငေါဝ်း
ဇွန် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1B72oNkQZG/
ပင်းတယမြို့နယ်ရှိ ထွက်နီကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နှစ်တစ်ရာရှိ ညောင်ပင်ကိုင်းကျိုးကြကာ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ ထွက်နီရွာတွင် ယနေ့ မနက် ၇ နာရီ ဝန်းကျင်အချိန်တွင် လေပြင်းတိုက်ခိုက်သဖြင့် သက်တမ်းရင့် ညောင်ပင်ကြီး သစ်ကိုင်ကျိုးကြကာ ဒုက္ခိတ တစ်ဦးနှင့် ကလေးငယ် တစ်ဦးနေထိုင်သည့် နေအိမ်သို့ ကျိုးကြခဲ့ကြောင်း ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ဒေသခံထံမှသိရသည်။
“အိမ်ပိသွားတယ်၊ အိမ်ထဲကလူတွေကတော့ ရွေ့လိုက်တယ် ၊ တစ်ပိုင်းသေနေတဲ့ ဒုက္ခိတပေါ့နော်အဲ့တာတော့ရှိတယ်၊ အိမ်နီးချင်းက ကျိုးမယ်ဆိုတဲ့အသံကြားတော့ သွားပြောပြီး ရွေ့လိုက်တယ် ဘုန်းကြီးကျောင်းကို ရွေ့ထားလိုက်တယ်ရှင့်၊ သူက အောက်တစ်ပိုင်းသေနေတာ၊ အဲ့လူနာနဲ့ ကလေးနဲ့ ဘာမှာ မဖြစ်လို့တော်သေးတယ်၊ အိမ်နီးချင်းကညောင်ကိုင်ကျိုးကျမယ်လို့ အသံကြားလို့ ပြေးပြီး ပြောပေးလို့လေ၊ အိမ်ကတော့ မရတော့ဘူးပေါ့ လူကတော့ ဘေးကင်းသွားတာပေါ့”ဟု ဒေသခံတစ်ဦးမှပြောသည်။
ထို့ပြင် မနေ့ည တွင်လည်း လေပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး ည(၁)နာရီဝန်းကျင်အချိန်တွင်လည်း ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် ဒေသခံများက ၎င်း ကျိုးကြသည့် ညောင်ပင် ရှင်းလင်းရေးအတွက် ရွာသားများ ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း သိရသည်။
၎င်း ကျိုးကြသည့် ညောင်ပင် ကြီးသည် ထွက်နီရွာ ဘုန်းကြီးကျောင်းရှိ နှစ် (၁၀၀)ကျော် ညောင်ပင်ကြီး ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလတွင် ပင်းတယ မြို့၏ အထင်ကရ ဖြစ်သည့် သက်တမ်းရင့် ညောင်ပင်ကြီးသည်ချိပ်စွဲ၍ ညောင်ပင်များ သေဆုံးခဲ့ရကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်းတယမြို့နယ်
#ထွက်နီရွာ
#လေပြင်းတိုက်ခိုက်
#သက်တမ်းရင့်ညောင်ပင်ကြီး
#သစ်ကိုင်ကျိုးကြ
#ဒုက္ခိတတစ်ဦးနှင့်ကလေးငယ်တစ်ဦးနေထိုင်သည့် နေအိမ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7