ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊ ၂၀၂၅

အိုးဘိုအကျဥ်းထောင်တွင် အကျဥ်းချခံထားရသော မန္တလေးတိုင်း လွတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိခဲ့၍ ထောင်တွင်းဆေးရုံတွင် ကျဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် အသက် (၆၉) နှစ်ရှိပြီဖြစ်သော ဦးအောင်ကျော်ဦးသည် ရုတ်တရက် အမောဖောက်လာသဖြင့် ထောင်တွင်းဆေးရုံ သို့ပို့ဆောင်ခဲ့ရာ နာရီပိုင်းအကြာတွင် ဆုံးပါးသွားခဲ့ရကြောင်းသိရသည်။

ဦးအောင်ကျော်ဦး၏ ကျန်းမာရေးအခြေအနေအရ အရေးပေါ်ဖြစ်နေသောအချိန်တွင် ပြင်ပဆေးရုံသို့အချိန်မှီဆေးကုသမှုမခံယူနိုင်သောကြောင့် ကျဆုံးသွားရခြင်းဖြစ်ကြောင်း PPNM ကဆိုသည်။

အကျဥ်းထောင်အတွင်းတွင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသောကြောင့် သေဆုံးသူ ၁၁ ဦးထိရှိပြီဖြစ်ကြောင်း PPNM ကဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ စစ်ကောင်စီဖမ်းဆီးပြီးနောက် သေဆုံးသူ အမျိုးသမီး ၁၇ ဦး နှင့်အမျိုးသား ၈၈ ဦး စုစုပေါင်း ၁၀၅ ဦးရှိခဲ့ပြီး ၁၈ နှစ်အောက်ကလေးငယ် ၅ ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်အရ သိရသည်။

#PPV 003
#Humanright
#ထောင်တွင်းသေဆုံး
#အိုးဘိုထောင်
#မန်းလေး

You missed