ခမ်းသားငေါဝ်း
ဇွန်လ ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/1AkcJHAwWQ/
ပင်လုံမြို့မြှောက်ဖက်သုဿာန်တွင် စွန့်ပစ်ခံရသော အမျိုးသားသည် ဇွန်လ၂၇ ရက် ယနေ့မနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လုံမြို့မြှောက်ဖက်သုဿာန်တွင် ဇွန်လ ၇ ရက်နေ့၌ စွန့်ပစ်ခံရသော အမျိုးသားသည် လာရောက်ခေါ်ယူရန် မိသားစုကို မြို့ခံနှင့် တာဝန်ရှိသူများက အကြောင်းကြားခဲ့သော်လည်း ပြန်လာမခေါ် ဘဲ ယနေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။
“မြို့ခံတွေတော့ ကြည့်ပေးတယ်။ထမင်းတွေကျွေးတယ်။ဒါပေမယ့် သူ့ရဲ့ရောဂါကြောင့် ဒီမနက်ဘဲ သေဆုံးသွားပြီ။တာဝန်ရှိသူတွေ မြို့ခံတွေတော့ ကောင်းစွာ မြေမြုပ်သဂြိုလ်ပေးတယ်”ဟု မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယင်းစွန့်ပစ်ခံရသော သူသည် အသက် ၄၀ ကျော်အရွယ် ဟိုပုံးမြို့နယ် မိုင်းနန်းကျေးရွာနေ ဒေါန ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင်လည်း ပင်လုံမြို့ နောင်ဟူး ဖူဆယ်ကွင်းအနီးတွင်လည်း အမည်မသိအမျိုးသားတစ်ဦးက အရက်အလွန်အကျွံမူးပြီး သေဆုံးနေသည့် အလောင်းတွေ့သေးကြောင်းသိရသည်။
#PPV005
#မှုခင်း
#ပင်လုံ
ပုံ-အွန်လိုင်း
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်