ခမ်းသားငေါဝ်း
ဇွန်လ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1HiNNR3WGW/

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို ညသန်း‌‌ခေါင်ယံ လူအိပ်‌မောကျနေချိန် စစ်ကောင်စီမှ လေကြောင်းဖြင့် (၂)ကြိမ် ထပ်မံဗုံးကျဲ တိုက်ခိုက်သဖြင့် လူထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

ဇွန်လ(၂၇)ရက် ည(၁၂)နာရီ (၄၆)မိနစ်နှင့် (၅၁)မိနစ်အချိန်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

“မြို့နယ် ဆောက်လုပ်ရေးရုံးနား မြောက်ကုန်းဘက်ကျတယ်။ လောလောဆယ်သိတာက အမျိုးသမီး (၁)ဦးသေဆုံးပြီး ကလေးငယ်(၂)ယောက် ဒဏ်ရာရတယ်လို့ သိထားတယ်ဗျ”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

လက်ရှိ ကျောက်မဲမြို့တွင် ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေပြီး Star link သာအသုံးပြု၍ ရနေကြောင်း ၎င်းကဆက်ပြောသည်။

အပစ်ရပ်ထားသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ(၂၄)ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့ ပြည်သူနေထိုင်ရာ နေအိမ်များတွင် ဗုံးကျဲတိုက်ချက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး သေဆုံးပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုလထဲ TNLAထိန်းချုပ်ရာ ဒေသသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေ၍ ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် လေကြောင်းသတိရှိရန် လိုအပ်ကြောင်း TNLAမှ ထုတ်ပြန်သတိပေးထားသည်။

#PPV0011
#Humanright
#လေကြောင်းတိုက်ခိုက်
#ကျောက်မဲ
#ပြည်သူသေဆုံး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home