ခမ်းသားငေါဝ်း
ဇွန်လ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/1GL8sbE4xP/
ဆောင်းနန်းခဲရွာတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၍ PNOဗိုလ်ကြီးနောင့်စိုင်း သေဆုံးပြီး (၃)ဦးထက်မနဲဒဏ်ရာရရှိသွားကြောင့် PNO ပြည်သူ့စစ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတွင် ဇွန်လ(၂၆)ရက်နေ့ နံနက်(၈)နာရီအချိန်၌ တော်လှန်ရေးတပ်ဖွဲ့များက ကျေးရွာအတွင်းတပ်စွဲနေရာယူထားသည့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ဘူး သူများကဒရုန်းနဲ့ ဗုံးလာကြဲသွားတာ၊ မနက်(၈)နာရီကျော်လောက်ဖြစ်မယ် ဗိုလ်ကြီးနောင့်စိုင်းတို့က မနက်စာစားပြီး တဲထဲကနေထွက်တော့ ဒရုန်းကရောက်ချလာတယ် ငါတို့ဒရုန်းပဲလားမေးနေတုန်း သူများဗုံးကြဲချတော့ သူကပွဲချင်းပြီးသေသွားတယ်”ဟု PNO နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒရုန်းဗုံးစက ဗိုလ်ကြီးနောင့်စိုင်းရင်ဘတ်၌ဖောက်ဝင်သွားသဖြင့် သေဆုံးခဲ့ရကြောင်း ၎င်းနှင့်အတူရှိနေသည့် PNOပြည်သူ့စစ်တပ်သား(၃)ဦးသည်လည်း ပြင်းထန်ဒဏ်ရာရသဖြင့် အောင်ပန်းစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“တစ်ခြားသူကတော့မသေသွားဘူး ဒဏ်ရာပြင်းထန်တော့ရကြတယ် တစ်ချို့ကနားရင်းအနောက်ဘက် ဗုံးစခံတဲ့လူလည်းရှိတယ်။ ဗိုလ်ကြီးနောင့်စိုင်းသေသွားတော့ ဒီရက်စံကားနီးနားတစ်ဝိုက် ဒေသခံတွေက သူ့စျာပနာပွဲအတွက် သွားလုပ်ကူပေးသေးတယ်”ဟု ၎င်းကဆက်ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များဗုံးကြဲတိုက်ခိုက်မှုကြောင့် ညနေခင်းပိုင်းတွင် ဆောင်းနန်းခဲကျေးရွာဘက်သို့ PNOကွန်မန်ဒိုစစ်သားများ ထပ်မံအင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း သိရသည်။
ဆောင်းနန်းခဲရွာသည် ယခင်ကတော်လှန်ရေးတပ်ဖွဲ့များတပ်စွဲနေရာယူထားပြီး ဇွန်လတတိယပတ်အတွင်း စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလားပြီး ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင်ကျေးရွာထဲပြန်လည်နေရာယူထားသည့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်သည် ဒေသခံပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးမှုလည်း ပြုလုပ်နေကြောင်း သိရသည်။
#photo: online
#PPV007
#တိုက်ပွဲ
#ဆောင်နန်းခဲ
#ရှမ်းကရင်နီနယ်စပ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်