ခမ်းသားငေါဝ်း

ဇွန် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1ZE38tqB8o/

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် စစ်ကောင်စီမှ ကလေးစစ်သားစုဆောင်းမှုနှင့် အသုံးပြုမှုသည် မြင့်တက်လာခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်မှုပေါင်း ၂,၁၃၈ ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ နောက်ထပ် ချိုးဖောက်မှုပေါင်း ၁,၂၀၀ ခန့်ကို စိစစ်မှု ဆိုင်းငံ့ထားကြောင်းကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြားထားသည်။

စစ်ကောင်စိီတပ်မှ စုဆောင်းခံရသူများသည် မိဘများနှင့်ကင်းကွာသူ၊ အိုးအိမ်မဲ့များ၊ အလုပ်ပြန်ချိန်ကလေးများကို ပြန်ပေးဆွဲခြင်း ပေါ်တာဆွဲခြင်း ၊ အသက်များကို မစစ်ဆေးပဲ စုဆောင်းခြင်းအပြင် ကလေးများကို ရှေ့တန်းသို့ စေလွှတ်ပြီး လမ်းပြများ၊ ပေါ်တာအဖြစ်နှင့် တစ်ခါတစ်ရံ လူသားဒိုင်းများအဖြစ် အသုံးပြုနေကြောင်းသိရသည်။

“မြန်မာစစ်တပ်ဟာ ကလေးတွေကို ပေါ်တာဆွဲတာ၊ လမ်းပြနဲ့ တိုက်ခိုက်ရေး အခန်းကဏ္ဍတွေမှာ အသုံးပြုတာ ရှည်လျားပြီး ထိတ်လန့်စရာကောင်းတဲ့ သမိုင်းကြောင်းရှိပါတယ်၊ စစ်အစိုးရက ကလေးစစ်သားအသုံးပြုတာကို ချက်ချင်းရပ်ပြီး ကလေးစစ်သားစုဆောင်းမှုအားလုံးကို လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂအရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)၏ အာရှသုတေသီ တစ်ဦးကပြောဆိုလိုက်သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်၍ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

စစ်ကောင်စီသည် နယ်မြေဆုံးရှုံးများလာပြီးနောက် ကလေးများကို စစ်မှုထမ်းရန် တွန်းအားပေးမှုများ တိုးလာနေကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်ကာ စစ်မှုထမ်း ၁၄ သုတ် စုဆောင်းခဲ့ပြီး တစ်သုတ်လျှင် ၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ခန့်မှန်းခြေ စစ်သားသစ် ၇၀၀၀၀ ခန့်စုဆောင်းခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်း သတ္တမအသုတ်မှ စတင်၍ အသက်မပြည့်သေးသူများကို စစ်သား စုဆောင်းမှုနှင့် လူငယ်နှင့် ယောက်ျားလေးများကို ပြန်ပေးဆွဲခေါ်ဆောင်သွားခြင်းနှင့် ပျောက်ဆုံးနေသော စစ်မှုထမ်းများ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းစသည့် စစ်မှုထမ်းခြင်းဆိုင်ရာ နည်းဗျူဟာများနှင့်အတူ တိုးလာနေကြောင်း HRW မှ ထုတ်ပြန်ပြောဆိုထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#လက်နက်ကိုင်ပဋိပက္ခအတွင်း
#ကလေးသူငယ်များအပေါ် ကျူးလွန်မှု
#ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed