ခမ်းသားငေါဝ်း

ဇွန် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1CMYS22gMR/

နေပြည်တော်တွင်(၃)ရက်သာ ကျင်းပသည့် (၂၀၂၅)ခုနှစ် ငြိမ်းချမ်းရေးဖိုရမ်ကို FPNCC အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)”ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)/ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA)တို့ တက်ရောက်ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနတွင် ဇွန်လ(၂၅)ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ အခမ်းအနားကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ‌တီမှ ဦးဆောင်ပြီး နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ဇွန်လ(၂၇)ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအစည်းအဝေးသို့ UWSAမှ ဦးညီရန်း၊ SSPPမှ စပ်နော်လိတ်၊ NDAAမှ ဦးချစ်ဆွေ စသည့် ကိုယ်စားလှယ် အသီးသီးတက်ရောက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် NCAလက်မှတ်ထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBAမှ စောစိန်ဝင်း၊ မွန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် NMSPမှ နိုင်အောင်မငင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDUမှ ကျားဆော်လမွန်နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့လည်း တက်ရောက်ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ စောကျော်ညွှန့်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPမှ စောမြရာဇာလင်း စသည်တို့လည်း တက်ရောက်ခဲ့ကြပြီး ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်များအပြင် တရုတ်၊ ထိုင်း၊ ရုရှား၊ အိန္ဒိယနိုင်ငံမှ ပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#ငြိမ်းချမ်းရေးဖိုရမ်
#FPNCC
#ရှမ်းပြည်တိုးတက်ရေးပါတီ
#SSPP/SSA”
#”ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
#UWSA
#အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် #NDAA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed