ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1ZP2KmhmjR/

နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်ရှိရာ ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဗုံးအလုံး ၈၀ ကျော် ဖြင့် တိုက်ခိုက်နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

DPLA နှင့် TNLA တို့ တပ်ဖွဲ့ရှိရာ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီဘက်မှ ဇွန်လ (၂၄)ရက် ၁၂ ခွဲ ဝန်းကျင်အချိန်တွင် လက်နက်ကြီးများ၊ လေယာဥ်များဖြင့်ပစ်ခတ်တိုက်ခိုက် ထိုးစစ်ဆင်ရာ တစ်နာရီခွဲကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ထိုနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ၉ နာရီအချိန်တွင် Y12ဖြင့် ဗုံး(၂၂) လုံး၊ ဂျက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး (၂)လုံး၊ နေ့လည် ၂ နာရီအချိန်တွင် Y12ဖြင့် ဗုံး(၃၃)လုံး ၊ ပေါင် ၅၀၀ဗုံး (၁)လုံး အပြင် ညနေ ၇နာရီ ဝန်းကျင်တွင် Y12ဖြင့် ဗုံး( ၂၄)လုံး ဖြင့် တနေ့ကုန်နီးပါးတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လေယာဉ်ဗုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ နောင်ချိုမြို့အနီးတဝိုက်‌တွင် အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများမကြာခဏဖြစ်ပွါးလျှက်ရှိကြောင်း သ်ရှိရသည်။

PPV0013
#နောင်ချိုမြို့နယ်
#ရွှေသွန်းကျေးရွာ
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
#DPLA
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed